မိသားစုဝင်အချင်းချင်း ဒုက္ခမရောက်စေဖို့ ပြောလာပါတယ်။
Sabal Thwin

မအေးသောင်းဟာ ကိုယ်ခံအားကောင်းကောင်း မရှိလှတဲ့ သက်ကြီးရွယ်အိုတွေကို COVID-19 မကူးစက်ရလေအောင် ပိုစောင့်ရှောက်သင့်တယ်လို့ သတိပေးစကားဆိုလာပါတယ်။ 

ပရိသတ်အချစ်တော် မင်းသမီးချောလေး မအေးသောင်းကတော့ သက်ကြီးရွယ်အိုတွေကို COVID-19 မကူးစက်အောင် ကာကွယ်သင့်တယ်လို့ ဆိုပါတယ်။ ကိုယ့်ကြောင့် ကိုယ့်မိသားစုကို ဒုက္ခမရောက်စေချင်ဘူးလို့လည်း ပြောခဲ့ပါသေးတယ်။ 

"ဒီရောဂါက ပေါ့လို့မရပါဘူးနော်။ လူစူပြီး နေလို့တကယ်မရပါဘူး။ လူငယ်တွေကကိုယ်ခံအားကောင်းလို့

ခံနိုင်ရည်ရှိပေမဲ့ ကိုယ့်အိမ်ကကိုယ့်မိဘတွေ၊ အသက်ကြီးတဲ့သူတွေကိုထည့်တွက်ပေးကြပါ။တချို့နိုင်ငံတွေမှာ အသက်ကြီးတဲ့သူတွေကို ကုမပေးတော့တာတွေရှိနေပါပြီ။ ကိုယ်ကလျောက်သွားပြီး ခံရတော့ကိုယ့်ဘေးကကိုယ်ချစ်တဲ့သူတွေ။ တကယ်ချစ်ရင် ကိုယ့်ကြောင့် ကိုယ့်မိသားစု ဒါမှမဟုတ် တခြားမိသားစုကိုဖြစ်စေ ဒုက္ခပေးသူ မဖြစ်ပါစေနဲ့" လို့ သူကဆိုပါတယ်။ 

Photo: Amazing

လက်ရှိမှာတော့ COVID-19 ကူးစက်ရောဂါကြောင့် အနုပညာရှင်တွေလည်း ဇာတ်ကား ရိုက်ကူးမှုတွေ နားထားတယ်လို့ သိရပါတယ်။ အခုဆိုရင် COVID-19 ကူးစက်ရောဂါ တွေ့ရှိသူ (၁၄) ဦး ရှိသွားပြီဖြစ်ပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာန သာမက အနုပညာရှင်တွေကလည်း COVID-19 ကူးစက်ရောဂါ ကာကွယ်ရေးအတွက် တစ်ကိုယ်ရေ သန့်ရှင်းမှုကို အထူး ဂရုစိုက်စေချင်တယ်လို့လည်း အင်တာဗျူးတွေ၊ Social Media တွေမှာ ပြောပြထားပါသေးတယ်။ 

Photo: Aung Thaung

ပြည်ပနိုင်ငံတွေကနေ ပြန်လည်ရောက်ရှိလာတဲ့ မြန်မာလူမျိုးတွေ အနေနဲ့ ကိုယ့်ရဲ့ မိသားစုကို ကိုယ့်ကြောင့် မနစ်နာစေချင်ပါနဲ့လို့လည်း မအေးသောင်းက ဆက်လက် ပြောပြလာပါတယ်။ 

"ကိုယ့်ရပ့်ကိုယ့်ရွာကို ချစ်လို့ပြန်လာတယ်ပြောပြီး ချစ်ရာမရောက်ပဲ နှစ်ရာမရောက်ဖို့လည်း

ဂရုပြုစေချင်ပါတယ်။ ကိုယ်ချစ်တဲ့သူ ကိုယ်ရပ်ရွာကို တကယ်ချစ်ရင် တာဝန်သိတတ်မှု လူတိုင်းရှိကြရမှာပါ။ တကယ်မကြောက်ကြသေးဘူး။ တကယ်ကြောက်ရင်အိမ်ထဲကကိုထွက်မလာတော့တာ မွေးတုန်းက

လည်း တစ်ယောက်တည်းမွေးလာရတာပဲ။ တစ်ယောက်တည်းနေဆိုလည်း နေတတ်အောင်နေကြရမှာပါ" ဆိုပြီးတော့ မတ်လ ၃၀ ရက်နေ့ မနက် ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာပါ။ 

Photo: Aung Thaung

မအေးသောင်းကိုယ်တိုင်ကလည်း COVID-19 နဲ့ ပတ်သက်ပြီး ကာကွယ်ရေးနဲ့ သက်ဆိုင်တဲ့ ဆေးပစ္စည်းတွေကို ရန်ကုန်ဆေးရုံကြီးနဲ့ အင်းစိန် ဆေးရုံကြီးတို့မှာ လှူဒါန်းခဲ့ပါသေးတယ်။သူမဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာအဆက်မပြတ် သရုပ်ဆောင် နေရတဲ့ မင်းသမီးချောလေးပါ။ သူမဟာ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ရွှေချည်လွှာ နဲ့ ရွှေလွန်းသံ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က