သူ့ရဲ့ အတွေးအမြင်လေးတွေကို အခုလို ပြောပြလာပါတယ်။
Sabal Thwin

မင်းမော်ကွန်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ စီးပွားရေးအကြပ်အတည်း တွေအပေါ် သူ့ရဲ့ သဘောထားတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: Min Maw Kon

ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ကူးစက်ရောဂါကြောင့် စီးပွားရေး၊ စားဝတ်နေရေး အကြပ်အတည်းတွေ ကြုံနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် သရုပ်ဆောင် မင်းမော်ကွန်းဟာ Covid ကာလ ကြာမြင့်လာသည်နဲ့အမျှ သူ့ရဲ့ ကိုယ်ပိုင် အတွေးလေးတွေကို အခုလို ပြောပြလာပါတယ်။ 

"ကျွန်တော်တို့နေတဲ့ ကမ္ဘာကြီးက တစ်ဆစ်ချိုး ပြောင်းလဲသွားပါပြီ။ လာမယ့်အနာဂါတ်ဟာ ကျွန်တော်တို့တွေးထားသလို မဖြစ်နိုင်တော့ပါဘူး။ ရင်ဆိုင်နိုင်ဖို့ အရာရာကြိုတွက်ထားဖို့ ပြင်ဆင်ထားဖို့ လိုပါပြီ။ ရုပ်ရှင်ရုံတွေထဲမှာ သုံးပေခြားလိုက်ရင် ဝင်ငွေသုံးပုံနှစ်ပုံနစ်နာပါပြီ။ ဒါတောင် အကောင်းဆုံးကားတွေမှ။ ဂီတ ထို့အတူပေါ့ အရင်လိုခုန်နေမယ့်ပရိတ်သတ်တွေအစားMask လေးတပ်ပြီး ဝေးဝေးကနားထောင်လိမ့်မယ်။ သဘင် ဆိုရင်လည်း လိုအပ်နေမှုက ထူးမခြားနားပေါ့ ။ ဖျာရောင်းအားထက် Mask ရောင်းအားကပိုများလာမယ်" ဆိုပြီးတော့ ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်။ 

Photo: Min Maw Kon

မင်းမော်ကွန်း အနေနဲ့ အွန်လိုင်း စာမျက်နှာပေါ်မှာ ဈေးရောင်းနေကြသူတွေ အတွက်လည်း စီးပွားရေး အကြပ်အတည်း ရင်ဆိုင်လာရနိုင်တယ်လို့ ဆိုပါတယ်။ 

" Online delivery လား၊ လူတိုင်းရောင်းသာရောင်း စားမယ့်သူမရှိဖြစ်လာတော့မယ်။ ကျန်တာတွေ အများကြီး အများကြီးရှိသေးတယ်။ အဲ့ဒီတော့ကျွန်တော်တို့ တစ်ဆစ်ချိုးပြောင်းသွားတဲ့ဒီကမ္ဘာကြီးနဲ့ ကိုက်ညီလိုက်မှီဖို့ရာ ကျွန်တော်တို့အားလုံးအတွက် မဖြစ်မနေပြောင်းလဲဖို့လိုအပ်နေပါကြောင်း။ မင်းမော်ကွန်း" ဆိုပြီးတော့ ဆက်လက် ရေးသားခဲ့ပါတယ်။ မင်းမော်ကွန်းရဲ့ စာသားလေးတွေ အပေါ် အနုပညာမောင်နှမတွေကလည်း အားပေး ထောက်ခံ ခဲ့တာ တွေ့ရပါတယ်။ 

Photo: Min Maw Kon

မင်းမော်ကွန်း(Min Maw Khon) က လက်ရှိမှာ သူချစ်ရတဲ့ ဇနီးနဲ့ အတူ သားသမီး ၃ ယောက်ပိုင်ဆိုင်ထားတဲ့ ဖခင်ဖြစ်ပါတယ်။ အကြီးဆုံးကတော့ သားကြီး မောင်မင်းမြတ်ဖြစ်ပါတယ်။ သမီးအလတ်ကတော့ လေပြေသွေးပါ။ သူမကတော့ အနုပညာအလုပ်တွေ လုပ်ကိုင်လျှက်ရှိပါတယ်။ အငယ်ဆုံးသားလေးကိုတော့ ဧကဘုန်းမြတ် လို့ နာမည်ပေးထားပါတယ်။ လေပြေသွေးကိုလည်း မင်းမော်ကွန်းရဲ့ သမီး၊ ဦးဇင်ဝိုင်းရဲ့ မြေး အဖြစ် ပရိသတ်တွေအများကြီးက အားပေးခဲ့ကြပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က