သူမက အခုဆိုရင် အသက် ၃၇ နှစ်ရှိပါပြီ။

သက်မွန်မြင့်ဟာ ငယ်ငယ်တုန်းက မျက်နှာလေးနဲ့ အသက် ၃၇ နှစ်အရွယ်မျက်နှာလေးက သိပ်မကွာဘူးဆိုလို့ ဆိုပါတယ်။ သူမကတော့ ပျော်ပျော်နေတတ်တဲ့ မင်းသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။

Photo: Amazing Grace



သရုပ်ဆောင်သက်မွန်မြင့်က ဇူလိုင်လ ၂၃ ရက်နေ့က အသက် ၃၇ နှစ်ပြည့်ပြီးခဲ့ပြီဖြစ်ပါတယ်။ အသက်တစ်နှစ်ကြီးသွားလည်းပဲ သူမဟာ ငယ်ငယ်ကတည်းက ရုပ်အတိုင်းပဲ ဆိုပြီးတော့ စနောက်ရင်း ပြောပြထားပါတယ်။

‘’အသက်တွေ ဘယ်လောက်ကြီးလာကြီးလာ ကိုယ်ငယ်ကတည်းက ဆိုးနေကြသူတွေမှာဆို ဒီရုပ် ဒီပုံစံပဲ။ အသက်တစ်နှစ်ကြီးလာခြင်းအမှတ်တရ’’ ဆိုပြီးတော့ ဇူလိုင်လ ၃၀ ရက်နေ့ည ၆နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာရေးသားခဲ့ပါတယ်။ သက်မွန် ရဲ့အရေးအသားလေးတွေအပေါ် ပရိသတ်တွေက Comment တွေကနေတဆင့် ချစ်စရာကောင်းတဲ့အကြောင်းတွေ ပြောပြထားပါတယ်။ သူမရဲ့ မွေးနေ့တုန်းကတော့ အောင်ဇဗ္ဗူတောရကျောင်းတိုက်မှာ တရားစခန်းဝင်နေတာ ဖြစ်ပါတယ်။

Photo: Amazing Grace

သက်မွန်မြင့်ဟာ လက်ရှိမှာတော့ အကယ်ဒမီ ၂ ဆုရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့နေပါပြီ။ ၂၀၁၀ ပြည့်နှစ်မှာ “အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ ၂၀၁၆ ခုနှစ်မှာ “ချစ်လှစွာသော အမုန်း”ရုပ်ရှင်ကားတွေနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် သားလေး အားချစ်နဲ့ သမီးလေး လဝန်းမေ ဆိုတဲ့ သားနဲ့ သမီးလေးကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။

Photo: Amazing Grace

သူမကိုတော့ ပရိသတ်တွေက Music Video တွေကနေတဆင့် စတင်အားပေးခဲ့ကြတာပါ။ သက်မွန်မြင့်ရဲ့ ထူးခြားချက်ကတော့ ချစ်စရာကောင်းတဲ့ မျက်ဝန်း၊ အေးချမ်းတဲ့ အပြုံးကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အရပ်မြင့်မြင့်၊ ခန္ဓာကိုယ် တောင့်တောင့်လေးနဲ့ လှပတဲ့မိန်းကလေးတစ်ယောက်ပါ။ အနုပညာကို ဝါသနာပါလွန်းတာကြောင့် မွေးရပ်မြေ ချင်းတောင်တန်းကနေ ရန်ကုန်ကို ရောက်ရှိလာတဲ့ ချင်းတိုင်းရင်းသူလေး တစ်ယောက်ပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က