ပရိသတ်တွေ ကဲဖို့ အဆင်သင့်ပဲလား။

မကြာခင် ကျရောက်တော့မယ့် မြန်မာရိုးရာအတာသင်္ကြန်ပွဲတော်ကြီးမှာ ပရိသတ်တွေရဲ့ အချစ်တော် အနုပညာရှင်တွေဖြစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံ၊ ရှင်မွေလ၊ နီနီခင်ဇော်နဲ့ အိချောပိုတို့က ဘယ်မှာရှိနေမလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။

မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကြီးမှာ ပရိသတ်တွေရဲ့ အချစ်တော် အနုပညာရှင်များ ဖြစ်ကြတဲ့ ရွှေထူး၊ ရွှေမှုံရတီ၊ ရှင်မွေလ၊ နီနီခင်ဇော်နဲ့ အိချောပိုတို့က ရန်ကုန်မြို့ရဲ့ ဘယ်နေရာမှာ ရှိနေမလဲဆိုတာ ပြောပြထားသလို ပရိသတ်တွေအတွက် နှစ်သစ်ဆုတောင်း စကားသံများကိုလည်း ယခုလိုပြောပြထားပါတယ်။ ပရိသတ်တွေလည်း ကိုယ်ချစ်တဲ့ အနုပညာရှင် ရှိတဲ့ မဏ္ဍပ်မှာ ကဲဖို့ အားအင်တွေ မွေးထားကြဦးနော်။

Photo : Amazing Grace

ရွှေထူး၊ ရွှေမှုံရတီ

သင်္ကြန်မှာ Oversea သွားဖို့ ရှိတယ်။ ပုံတွေ တက်လာမှ ကြည့်ပါနော်။ သဲက နှစ်တိုင်း နိုင်ငံခြားသွားနေကြဆိုတော့လေ ဒီနှစ်လည်း ခရီးထွက်ဖြစ်မှာပါ။

Photo : ရှင်မွေလ

ရှင်မွေလ

Forever Group မဏ္ဍပ်မှာ တစ်ရက်ဆိုမယ်။ ပခုက္ကူမှာ သီချင်းတစ်ရက်ဆိုမယ်။ ကျန်တဲ့ နှစ်ရက်ကတော့ ကိုယ့်ဘာသာကိုယ် ကဲမယ်။ ဒီနှစ်သင်္ကြန်ကျမှ အလုပ်နဲ့ ဖြတ်သန်းဖြစ်တာပါ။ ပထမဦးဆုံး အလုပ်နဲ့ သင်္ကြန်ကို ဖြတ်သန်းရမှာဆိုတော့ ပျော်တယ်။ သီချင်းဆိုရမယ့် အတွက်ကြောင့်မို့လို့ ရေသန့်ဗူးတွေတော့ ကြောက်တယ်။ ကြိုပြောထားတာပါ။

Photo : နီနီခင်ဇော်

နီနီခင်ဇော်

နီနီက Channel K မဏ္ဍပ်မှာ ရှိပါမယ်။ ဒီနှစ်သင်္ကြန်က အရမ်းပျော်ဖို့ ကောင်းမှာပါ။နီနီတို့ တစ်ဖွဲ့လုံး တစ်ပေါင်းတစည်းနဲ့ ဒီမဏ္ဍပ်မှာ ရှိမယ့်အတွက် တော်တော်ကို ပျော်မှာပါ။ ပရိသတ်တွေ အတွက် သင်္ကြန်တင် မကပါဘူး နှစ်တိုင်း နှစ်သစ်ကို ဖြတ်သန်းတဲ့အခါတိုင်း ကျန်းမာချမ်းသာစွာနဲ့ ဖြတ်သန်းနိုင်ပါစေလို့ နီနီဆုတောင်းပါတယ်။ အထူးသဖြင့် သင်္ကြန်မှာတော့ ဘေးအန္တရယ် ကင်းရှင်းစွာနဲ့ ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပါတယ်။

Photo ; Alinnyaung

အိချောပို

အိချောသင်္ကြန်မှာ ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ channel K မဏ္ဍပ်မှာ ရှိပါမယ်။နှစ်သစ်မှာ ပရိသတ်များ ကျန်းမာပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။



က္က