နေ့တိုင်းတော့ မဟုတ်ပါဘူးတဲ့။

အဆိုတော် စန္ဒီမြင့်လွင် သင်္ကြန်တွင်းကို သီချင်းဆိုရင်းနဲ့ ဖြတ်သန်းမယ်လို့ဆိုပါတယ်။ (၁၉)လမ်းက SkyNet မဏ္ဍပ်မှာရှိမှာဖြစ်လို့ ပရိသတ်တွေ အတူတူကဲဖို့ ပြင်ထားလို့ ရပြီနော်။

 

Photo : Amazing Grace

အဆိုတော် စန္ဒီမြင့်လွင်က သင်္ကြန်တွင်းမှာ ရန်ကုန်မြို့၊ (၁၉)လမ်းမှာရှိတဲ့ Sky Net မဏ္ဍပ်မှာ ရှိနေမယ်လို့ ဆိုပါတယ်။ သင်္ကြန်တွင်းမှာ သီချင်းတွေ ဆိုရင်း ပရိသတ်တွေနဲ့ အတူတူဖြတ်သန်းသွားမှာ ဖြစ်ပါတယ်။ နေ့တိုင်းတော့ ရှိနေမှာ မဟုတ်ပေမယ့် ညနေပိုင်းလေးတွေမှာ နားနားနေနေနဲ့ ဆိုပါ့မယ်လို့ ပရိသတ်တွေကို ပြောပြထားပါတယ်။

“Sky Net ၁၉လမ်းမှာပဲ သီချင်းဆိုရင်း ဖြတ်သန်းပါ့မယ်နော်။ နေ့တိုင်းတော့ မဟုတ်ပါဘူး။ ညနေပိုင်းလေးတွေပါပဲ၊ နားနားနေနေဆိုပ့ါမယ်နော်” ဆိုပြီး ဧပြီလ(၁၀) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။

Photo : Amazing Grace

စန္ဒီမြင့်လွင်က လက်ရှိမှာ ကိုယ်ဝန်လ(၆)လထဲမှာ ရောက်နေပြီဖြစ်တာကြောင့် သီချင်းတွေ သိပ်မဆိုဖြစ်တော့ဘူးလို့ ဆိုပါတယ်။ သမီးလေးကိုယ်ဝန်လွယ်ထား ရတဲ့အတွက်လည်း စန္ဒီမြင့်လွင်တစ်ယောက် အရမ်းပျော်လို့နေပါတယ်။စန္ဒီမြင့်လွင်ကိုတော့ Hip Hop အဆိုတော် Rapper မလေး စန္ဒီမြင့်လွင်အဖြစ်ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဆေးရောင်လှလှခြယ်ရအောင် ဆိုတဲ့ တစ်ကိုယ်တော်အခွေနဲ့ ပရိသတ်အချစ်ကို ဖမ်းစားနိုင်ခဲ့သူလေးပါ။ နောက်ထပ်လည်း Queen ၊ ကလီယိုပါထရာ ၊ Papi ဆိုတဲ့ တစ်ကိုယ်တော်အခွေ တွေလည်း ထွက်ရှိခဲ့ပါသေးတယ်။

Photo : Amazing Grace

စန္ဒီမြင့်လွင်ကတော့ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် မတ်လ ၄ ရက်နေ့က မင်္ဂလာလက်မှတ် ရေးထိုးခဲ့တာဖြစ်ပြီး မတ်လ ၁၁ ရက်နေ့မှာတော့ မင်္ဂလာဧည့်ခံပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အိမ်ထောင်ပြုပြီး နောက်မှာလည်း ဂီတအလုပ်တွေ ဆက်လက်လုပ်ကိုင်နေတာကို တွေ့ရပါတယ်။



က္က