Endometriotic cyst အတွက်ဗိုက်ခွဲရတာပါ။

ပိုင်ဖြိုးသုရဲ့ ကျန်းမာရေးကတော့ ပြန်လည်ကောင်းမွန်လာပြီလို့ သိရပါတယ်။ သူမ ဆေးရုံတက်နေရတယ်ဆိုတဲ့ သတင်းကြောင့် ပရိသတ်တွေ၊ အနုပညာမောင်နှမတွေ ကစိုးရိမ်ခဲ့ကြပါသေးတယ်။ 

Photo: Na Gyi



ပိုင်ဖြိုးသုကတော့ သူမရဲ့ ကျန်းမာရေး သက်သာလာတဲ့အကြောင်း ပရိသတ်ကို ပြောပြခဲ့ပါတယ်။ ဇန်နဝါရီလ ၂၉ ရက်နေ့က ဆေးရုံတက်နေရတဲ့ သုသုကို ခင်ပွန်းဖြစ်သူ ဏကြီးက စိုးရိမ်နေခဲ့တာဖြစ်သလို ပရိသတ်တွေကလည်း အရမ်းကို စိတ်ပူနေခဲ့ကြတာဖြစ်ပါတယ်။ 

"သုသုသက်သာပါတယ်။ စိုးရိမ်စရာမရှိပါဘူး။ Endometriotic cyst အတွက်ဗိုက်ခွဲရတာပါ။ ဒါပေမယ့် laproscopic surgery မို့မနက်ဖြန်ဆိုရင်တောင်ဆေးရုံကဆင်းပါပြီ။ စိတ်မပူကြပါနဲ့ ဆွေမျိုး မိတ်ဆွေ သူငယ်ချင်းများ" ဆိုပြီးတော့ ဇန်နဝါရီလ ၃၀ ရက်နေ့ မနက် ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Paing Phyo Thu

ပိုင်ဖြိုးသုဟာ တာမွေမြို့နယ်မှာရှိတဲ့ အာယု အင်တာနေရှင်နယ် ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတာ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၉ ရက်နေ့ မနက် ၁၀ နာရီကျော်က ဒါရိုက်တာ ဏကြီးက သူ့ရဲ့ ချစ်ဇနီးလေး ဆေးရုံတက်နေရတဲ့အပေါ် အရမ်းစိုးရိမ်တဲ့အကြောင်းကို ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ လက်ရှိမှာတော့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်လို့ ပရိသတ်တွေလည်း အရမ်းပျော်နေခဲ့ကြပါတယ်။ 

Photo: Paing Phyo Thu

ပိုင်ဖြိုးသုဟာ "မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟ ဝန်ခံချက်" ရုပ်ရှင်ဇာတ်ကားကြီးအတွက် အနယ်နယ်အရပ်ရပ်က ပရိသတ်တွေနဲ့လည်း သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် "ချစ်ခင်စ မှော်ရုံ" ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း မကြာသေးခင်ကမှ ရိုက်ကူးခဲ့ပြီးတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကြီးကိုလည်း ဒါရိုက်တာ ဏကြီးကပဲ ရိုက်ကူးထားတာပါ။ ပိုင်ဖြိုးသုနဲ့ အတူ ဒေါင်း၊ ကျော်ထက်အောင်၊ မိုးဟေကို နဲ့ အေးမြဖြူတို့ကလည်း ပါဝင်သရုပ်ဆောင် ခဲ့ပါသေးတယ်။ 

Photo: Paing Phyo Thu

ပိုင်ဖြိုးသုကတော့ အနုပညာပျိုးခင်းက စင်တင်ပေးလိုက်တဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ သူမဟာ ဘီလူးမ၊ သရဲမ နဲ့ မိန်းမပျို ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ ဒါရိုက်တာဏကြီးနဲ့ လက်ထပ်ခဲ့တာပါ။ Fatty Gangster Production ဆိုတဲ့ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း ဇနီးမောင်နှံ နှစ်ယောက်ပေါင်းပြီး ထူထောင်လိုက်တာ တွေ့ရပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က