ယုန်လေးကလည်း သူ့ရင်ထဲက စကားတွေပြောလာပါတယ်။

ဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေကို ရယ်မောစေခဲ့တဲ့ လူရွှင်တော်ဧရာရဲ့ ကျန်းမာရေးအတွက် ယုန်လေးက ဆေးဖိုး ၂ သိန်း ထောက်ပံ့ကူညီခဲ့တာကို တွေ့ရပါတယ်။

Photo: လူရွှင်တော် ဧရာ



လူရွှင်တော်၊ ဇာတ်ပို့သရုပ်ဆောင် ဧရာဟာ သူ့အတွက် ကျန်းမာရေးထောက်ပံ့ငွေအဖြစ် လာရောက်ကူညီပေးတဲ့ ယုန်လေးကို ကျေးဇူးတင်စကားတွေ ဆိုခဲ့ပါတယ်။

‘’အဆိုတော် တေးရေးဆရာ သရုပ်ဆောင် ဒါရိုက်တာ (ရှည်လိုက်တာ) ယုန်လေးက ဆေးဖိုး ငွေ၂၀၀၀၀၀/ နှစ်သိန်းထောက်ပံသွားလေရဲ့ ကျေးဇူးကမ္ဘာပါ။ ယုန်လေးရေ အနုပညာလောကမှာ ဒီထက်မက အောင်မြင်ကျော်ကြား ပါစေဗျာ’’ ဆိုပြီးတော့ ဇူလိုင်လ ၂၄ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Yone Lay

အဲဒီနောက် အဆိုတော် ယုန်လေးကလည်း လူရွှင်တော်ဧရာရဲ့ ကျေးဇူးတင်စကားတွေကို ပြန်လည် Share လုပ်ရင်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇူလိုင်လ ၂၃ ရက်နေ့ ည၉ နာရီကျော်က အခုလို ပြောပြထားပါသေးတယ်။

‘’ထောက်ပံ့တယ်တော့ မဟုတ်ပါဘူးဗျာ။ လွန်ခဲ့တဲ့ နှစ်တွေအကြာကြီးထဲက အတူတူ မဟုတ်တာတွေရော ဟုတ်တာတွေရော၊ လုပ်ခဲ့ကျတဲ့ ညီအစ်ကိုတွေ မတွေ့တာကြာလို့လာတွေ့တာပါ’’ ဆိုပြီးတော့လည်း ပြန်လည်ပြောပြထားပါသေးတယ်။

ယုန်လေးက လက်ရှိမှာ လူငယ်အကြိုက် အမိုက်စား အက်ရှင်ဇာတ်ကားတွေကို ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးနေတာဖြစ်ပါတယ်။ လက်ရှိမှာလည်း သူကိုယ်တိုင်ရိုက်ကူးထားတဲ့ ‘’သတိ အန္တရာယ်ရှိသည်’’ရုပ်ရှင်ဇာတ်ကားကြီးက ရုံတင်ပြသနေတာပါ။ သူဟာ Original Gangster 1 ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးခဲ့တာက စပြီး ပရိသတ်တွေနဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုနေရာ တစ်နေရာကို ရရှိလာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း မာဖီးယားမြို့တော်ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးနေပါတယ်။

ဦးဧရာရဲ့မိသားစုမှာတော့ ဇနီးဖြစ်သူရယ်၊ သမီးရယ်၊ မြေးလေးရယ်၊ သားမက်ရယ် ရှိတယ်လို့ သူကဆိုပါတယ်။ ဧရာဟာ ပရိသတ်တွေကို ဟာသပြက်လုံးတွေ နဲ့ ရယ်မောစရာတွေကို ဖန်တီးပေးတတ်တဲ့ လူရွှင်တော် တစ်ဦးဖြစ်သလို ဟာသသရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က