Photo: နေခြည်ဦး
ပရိသတ်တွေရဲ့ အချစ်တော်မလေး နေခြည်ဦးတစ်ယောက် နေမကောင်းဖြစ်နေပါတယ်တဲ့။ ဒါကြောင့် လက်ခံထားတဲ့ အလုပ်တွေ ပျက်သွားရလို့ ကြိုးစားမယ်ဆိုပြီးတော့ ရင်ဖွင့်ပြောပြလာပါတယ်။
‘’နေမကောင်းရင်လေ တော်တော်စိတ်ဆင်းရဲရတယ်။ အရင်လို ရထားတွဲခေါင်းကြီးရပ်သွားတာမျိုးတာ့ မဟုတ်တော့ပေမယ့် ကိုယ့်ကိုယ်ကို invest လုပ်နေရတဲ့ အလုပ်ဖြစ်နေသရွေ့တော့ ကျန်းမာရေးမကောင်းတာနဲ့ မိတ်လည်းပျက် ပွဲလည်းပျက်ဘဲ။ (အလုပ်ကိစ္စတွေ ရွှေ့ဆိုင်းရပြန်တာ တောင်းပန်ပါတယ်နော်၊ နှစ်ဆပြန်ကြိုးစားပေးပါ့မယ်)’’ ဆိုပြီးတော့ မတ်လ ၆ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: နေခြည်ဦး
Photo: နေခြည်ဦး
နေခြည်ဦးကိုတော့ Beauty Blogger မလေးတစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာချိန်မှာ ‘’ရန်သူ’’ ၊ ‘’ဧည့်သည်’’၊ ‘’အောက်ဖဲမလှန်ကြေး’’ စတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးထားပြီးဖြစ်ပါတယ်။ ‘’ရန်သူ’’ ရုပ်ရှင်ကားကြီးကလည်း ၂၀၁၈ ခုနှစ်အတွင်းမှာ ပရိသတ်အရှေ့ကို ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။