သူမရဲ့ ကျန်းမာရေး အခြေအနေကို အခုလို ရင်ဖွင့်လာပါတယ်။

ထက်ထက်မိုးဦးကတော့ ကျန်းမာရေး မကောင်းတဲ့အချိန်မှာ ရှေ့ဆက်ဘယ်လိုနေထိုင်ရမယ်ဆိုတာတောင် မတွေးတတ်တော့ဘူးလို့ ဆိုပါတယ်။

Photo: Htet Htet Moe Oo



ပရိသတ်အားပေးမှု ခိုင်ခိုင်မာမာရရှိထားတဲ့ မင်းသမီးချော ထက်ထက်မိုးဦးကတော့ သူမရဲ့ ကျန်းမာရေးကြောင့် စိတ်ဓာတ်ကျနေမိတယ်လို့ ဆိုပါတယ်။  

"လူကတကယ်နေမကောင်းဖြစ်လာရင် စိတ်ရော၊လူရောကျလာတာဘဲ။ ဘယ်လောက်ပဲ တရားမှတ်မှတ်ရင်ထဲမှာဗလောင်ဆူနေတာပဲရှေ့ဆက် ဘယ်လိုအသက်ရှင်နေထိုင်ရမလဲ ဆိုတာမတွေးတတ်တော့ဘူး။ ကိုယ့်ကိုချစ်တဲ့ခင်တဲ့သူတွေကတော့စိတ်ပူပေးနေကြတာကျေးဇူးတင်ပါတယ်။ ကိုယ့်ရင်ထဲမှာတော့နေလို့မကောင်းတာအမှန်ပါ" ဆိုပြီးတော့ ဇူလိုင်လ ၁ ရက်နေ့ နေ့လယ်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာ တွေ့ရပါတယ်။  

Photo: Htet Htet Moe Oo

ထက်ထက်မိုးဦးဟာ ကျန်းမာရေးမကောင်းတဲ့ကြားက အနုပညာအလုပ်တွေကို တဖြည်းဖြည်း လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ရာသီဥတု အပူဒဏ်ကြောင့် ကျန်းမာရေးက ပိုပြီးနေလို့ မကောင်းဖြစ်ရတယ်လို့လည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ သူမဟာ မိသားစုတွေနဲ့ အတူ မိုးကုတ်မှာ နေထိုင်တာ ဖြစ်ပါတယ်။ သူမရဲ့ ကျန်းမာရေးကိုလည်း ပြည်ပမှာ ခွဲစိတ်မှုတွေ ပြုလုပ်တာထက် ပြည်တွင်းမှာပဲ ဆေးကုသမှုခံယူနေတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ခွဲစိတ်မှုတွေ ခဏခဏ လုပ်ခဲ့ရတာတွေကြောင့်လည်း ထပ်ပြီးတော့ ခွဲစိတ်မှုတွေ မလုပ်ချင်တော့ဘူးလို့လည်း သူက ဆိုပါတယ်။
Photo: Htet Htet Moe Oo

ထက်ထက်မိုးဦး ဟာ ရွှေစင် ရတနာရွှေဆိုင် ကြော်ငြာကနေတဆင့် ကလေးရော၊ လူကြီးပါ မကျန် တခဲနက် အားပေးခဲ့ကြတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ တစ်ခေတ်တခါ က ကြော်ငြာဘုရင်မလေး လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။ ထက်ထက်မိုးဦးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေက ပရိသတ်ကို အချစ်မလျှော့အောင် အမြဲဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီနောက် ရုပ်ရှင်ဇာတ်ကား ပေါင်းများစွာ၊ တီဗီကြော်ငြာပေါင်း များစွာ တို့ကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ သူမကတော့ ၁၉၉၁ ခုနှစ်က အနုပညာလောကထဲကို ပထမဆုံးအကြိမ် စတင်ဝင်ရောက်လာသူပါ။ အဲဒီနောက် ၁၉၉၆ ခုနှစ်မှာတော့ ပန်းသခင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း ‘’ သမီးမိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြန်ပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က