ဒါရိုက်တာ မောင်ပြည့်ဝ(ပန်းဝေသီ) ကို ကန်တော့ခဲ့တာပါ။

မျိုးစန္ဒီကျော်ဟာ အနုပညာအလုပ်တွေ စလုပ်ချိန်မှာ ပညာတွေ သင်ပေးခဲ့တဲ့ ဆရာဖြစ်သူ ဒါရိုက်တာ မောင်ပြည့်ဝ(ပန်းဝေသီ) ကို သွားရောက်ကန်တော့ခဲ့တယ်လို့ ဆိုပါတယ်။ 

Photo: Myo Sandi Kyaw



သရုပ်ဆောင် မျိုးစန္ဒီကျော်က ဆရာရင်းဖြစ်သူ ဒါရိုက်တာ မောင်ပြည့်ဝ(ပန်းဝေသီ) ကို သွားရောက် ကန်တော့ခဲ့ပါတယ်။ ဆရာဖြစ်သူဟာ ခါးရိုးခွဲစိတ်ကုသမှု ခံယူနေရတယ်လို့လည်း သူက ဆိုပါတယ်။ 

" အနုပညာလောကမှာ မျိုးစန္ဒီကျော် ဆိုပြီးဖြစ်လာအောင် မြှေတောင်မြှောက်ပေးခဲ့တဲ့ဆရာရင်း ဒါရိုက်တာ မောင်ပြည့်ဝ(ပန်းဝေသီ) နှင်းဆီကုန်းဆေးရုံကြီးမှာ ခါးရိုးခွဲစိတ်ကုသနေတာ အမြန်ဆုံး သက်သာပျောက်ကင်းပါစေ။ (တတ်နိုင်သလောက်လေးကုသိုလ်ပြုပါတယ်)" ဆိုပြီးတော့ ဇွန်လ ၂၈ ရက်နေ့ ညနေပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Myo Sandi Kyaw

ဒါရိုက်တာ မောင်ပြည့်ဝ(ပန်းဝေသီ) ကတော့ အနုပညာလောကမှာ နှစ်အတော်ကြာ အောင်မြင်မှုတွေ ပိုင်ဆိုင်ထားတဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားများ၊ ရုပ်သံဇာတ်လမ်းတွဲ အပြင် ပြဇာတ်တွေလည်း ရိုက်ကူးလျှက်ရှိတဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပါတယ်။ 

Photo: Myo Sandi Kyaw

မျိုးစန္ဒီကျော်ကလည်း အခုချိန်ထိ အနုပညာလောကမှာ သရုပ်ဆောင် အလုပ်ကို တစိုက်မတ်မတ် လုပ်ကိုင်နေတဲ့ မင်းသမီးတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း နှစ် (၂၀) ကျော်လာခဲ့ပါပြီ။ လက်ရှိမှာလည်း ရုပ်သံ ဇာတ်လမ်းတွဲတွေ ရိုက်ကူးထားတာကို တွေ့ရပါတယ်။ မျိုးစန္ဒီကျော်ဟာ တစ်ဦးတည်းသော သမီးလေး ဂျူဝယ်လ် နဲ့ ပျော်စရာကောင်းတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က