ရဲလေးပရိသတ်တွေ သွားဖို့ အဆင်သင့်ပဲလား။

အဆိုတော်ရဲလေးနဲ့ ဂျိုကာတို့က သင်္ကြန်တွင်း (၄) ရက်စလုံးကို မြကျွန်းသာ Channel K မြကျွန်းသာ မဏ္ဍပ်မှာ ရှိနေမှာတဲ့။ ပရိသတ်တွေကိုလည်း သီချင်းတွေနဲ့ ဖျေ်ာဖြေသွားမှာမို့လို့ ဆုံချင်ပါတယ်တဲ့နော်။

Photo : ရဲလေး

အဆိုတော်ရဲလေးကတော့ ဒီနှစ် သင်္ကြန်(၄) ရက်စလုံးကို Channel K မြကျွန်းသာ လမ်းလျှောက်သင်္ကြန်မှာ ရှိနေမယ်လို့ဆိုပါတယ်။ သီချင်းတွေနဲ့ ဖျေ်ာဖြေရုံတင်မက ရေလည်းကစားမယ်တဲ့။

“ရေလည်း ဆော့မယ်။ သီချင်းတွေနဲ့လည်း ဖျော်ဖြေသွားမှာပါ။ ပရိသတ်တွေပျော်အောင် သီချင်းတွေနဲ့ ဖျေ်ာဖြေသွားမယ်လို့ “ လို့ ရဲလေးက ဧပြီ(၁၂) ရက်နေ့က ပြုလုပ်တဲ့ Channel K ပွဲမှာ ပြောပြခဲ့တာပါ။

Photo : ရဲလေး

သင်္ကြန်နဲ့ ပတ်သက်တဲ့ ရင်ခုန်မှုကတော့ ငယ်ငယ်တုန်းကလိုမဟုတ်တော့ဘဲ အလုပ်ကိုပဲ ဦးစားပေးဖြစ်တယ်လို့ ဆိုပါတယ်။

“သင်္ကြန်ရင်ခုန်မှုကတော့ ထွေထွေထူးထူး ငယ်ငယ်တုန်းကလို ခံစားချက်တွေတော့ သိပ်မရှိတော့ဘူး။ အသက်အရွယ်လေး ရလာတဲ့အချိန်မှာကျွန်တော်တို့က အလုပ်ကိုပိုပြီး ဦးစားပေးဖြစ်တယ်။ ပရိသတ်တွေပျော်ဖို့ ပိုပြီးဦးစားပေးတဲ့အတွက် ကိုယ့်ရဲ့ ငယ်ငယ်တုန်းကလို ရင်ခုန်မှုတွေတော့ သိပ်မရှိတော့ဘူး”လို့ ရဲလေးကဆိုပါတယ်။ သင်္ကြန်တွင်းမှာလည်း ပရိသတ်တွေအကုန်လုံးနဲ့ ဆုံချင်ပါတယ်တဲ့။

Photo : ရဲလေး

ဲလေးဟာအနုပညာ နဲ့ ပတ်သက်လာရင် ဂီတအပိုင်းမှာလည်း အောင်မြင်မှုတွေရရှိခဲ့သလို၊ သရုပ်ဆောင် ပိုင်းမှာလည်း ပရိသတ် လက်ခံ အားပေးလျှက်ရှိတဲ့ မင်းသားချော တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း တော်တော်ကြာနေပြီဖြစ်ပါတယ်။ ရဲလေးက ဟိုအရင်ကလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးခဲ့သလို ဒီနေ့အချိန်ထိလည်း ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။



က္က