ကလေးလေးတွေကို ချစ်တဲ့ ခံစားချက်ကို အခုလို ပြောပြလာပါတယ်။

ခိုင်နှင်းဝေဟာ သူမရဲ့ ကလေးတွေအပေါ် ထားတဲ့ မေတ္တာတရားတွေကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ သူတို့လေးတွေနဲ့ အတူတူရှိချိန်မှာဆို အားလုံးကို မေ့နေတတ်ခဲ့ပြီလို့လည်း ပြောပါတယ်။

Photo: ခိုင်နှင်းဝေ



ခိုင်နှင်းဝေဟာ သူမရဲ့ ဘဝဖြတ်သန်းမှုတွေကို မွေးစားထားတဲ့ ကလေးလေးတွေနဲ့ အတူတူရှိနေရရင် ကျေနပ်ပြီလို့ ဆိုပါတယ်။ ဒီကလေးတွေအပေါ်ထားတဲ့ သူမရဲ့ သဘောထားကိုလည်း အခုလို ပြောပြလာပါတယ်။

‘’ကျွန်မ ကလေးတွေနဲ့များတူတူရှိနေရရင် အရာရာ မေ့နေတတ်ပြီ။ အခုလက်ရှိ ကျွန်မဘဝမှာ ကျွန်မ သားသမီးတွေက အရေးကြီးဆုံးပါ။ ကျွန်မ ရဲ့ ကျန်နေသေးတဲ့ ဘဝခရီး ကို ကျွန်မ ကလေးတွေနဲ့တူတူ ဖြတ်သန်းချင်ပါတယ် ပြောရင် ကျွန်မ စာဖွဲ့တယ်လို့ ထင်ကြပါလိမ့်မယ်’’ ဆိုပြီးတော့ ဇူလိုင်လ ၁၉ ရက်နေ့ ည ၁၀ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ခိုင်နှင်းဝေ

သူမဟာ ကလေးလေးတွေအပေါ်ထားတဲ့ မေတ္တာတရားတွေကို ရင်ဖွင့်ပြောပြခဲ့ပါတယ်။ သူမရဲ့ အလုပ်ကြိုးစားမှုတိုင်းကလည်း ကလေးတွေ အတွက်ပဲလို့ ဆိုပါတယ်။

‘’ကျွန်မ ရင်ထဲက သူတို့လေးတွေ အပေါ်ထားတဲ့ ချစ်ခြင်း မေတ္တာ ဘယ်လောက်အေးချမ်းတယ်ဆိုတာ ကျွန်မ ပဲ သိတယ်လေ။ တစ်ခါတလေ ကျွန်မ လူတွေကို လိုက်မရှင်းပြချင်တော့ဘူး။ ကျွန်မ ပျော်အောင်နေတယ်။ ကျွန်မ အလုပ်ကောင်းကောင်းလုပ်တယ်။ ကလေးတွေနဲ့ တူတူနေတယ်။ ကောင်းအောင်နေလည်း အကောင်းမပြောကျတဲ့ လူ့ပတ်ဝန်းကျင်မှာ ကျွန်မ ရဲ့ ရပ်တည်မှုကို အလုပ်တွေ ပိုလုပ်ပြီး အေးချမ်းစွာပဲဖြတ်သန်းချင်ပါတော့တယ်။ ခိုင်နှင်းဝေ’’ ဆိုပြီးတော့ ဆက်လက် ရေးသားခဲ့ပါတယ်။

Photo: ခိုင်နှင်းဝေ

ခိုင်နှင်းဝေဟာ လက်ရှိမှာတော့ စွန့်ပစ်ခံ မိဘမဲ့ ကလေး ၂၁ ယောက်ကို မွေးစားထားတာ ဖြစ်ပါတယ်။ ကလေးလေးတွေအတွက် နေရာကိုတော့ ''ခိုင်နှင်းဝေ ရင်သွေးလေးများ ရိပ်မြုံ'' ဆိုပြီးတော့ နာမည်ပေးထားတာဖြစ်ပါတယ်။ ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။ ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်းတွေ သွားရောက်လုပ်ကိုင် ဆောင်ရွက်ပေးဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က