သာသနာ့ဘောင်ထဲဝင်နေတာ ၂ပတ်ကျော်လောက် ရှိသွားခဲ့ပါပြီ။
Ei Ei Myat

မိုးအောင်ရင်က သာသနာ့ဘောင်ထဲဝင်နေတာ (၂)ပတ်ကျော်လောက် ရှိသွားခဲ့ပါပြီ။ မေလ(၁၂) ရက်နေ့ကတည်းက သာသနာ့ဘောင်ထဲဝင်ခဲ့တာပါ။

Photo :မိုးအောင်ရင်

၂၀၁၈ခုနှစ်၊မေလ(၁၂) ရက်နေ့ကတည်းက သာသနာ့ဘောင်ထဲ ဝင်ရောက်ခဲ့တဲ့ မိုးအောင်ရင်ဟာ အခုဆိုရင် (၂)ပတ်ကျော်ကျော် သာသနာ့ဘောင်ထဲမှာ ရှိနေတာပါ။ မေလ(၂၅) ရက်နေ့ကလည်း သင်္ကန်းဝတ်နဲ့ ပထမဆုံးအကြိမ် ရွှေတိဂုံစေတီတော်မြတ်ကြီးကို သွားရောက်ဖူးမျှော်ခဲ့ပါသေးတယ်။ ရွှေတိဂုံသို့ သွားရောက်ခဲ့တဲ့ အကြောင်းကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားတာပါ။

First time going to Shwedagon Pagoda as a monk.” ဆိုပြီး မေလ(၂၅) ရက်နေ့က ရေးသားထားကာ ဓာတ်ပုံတွေကိုလည်း တင်ခဲ့ပါသေးတယ်။

Photo :မိုးအောင်ရင်

မိုးအောင်ရင်ဟာ မေလ ၇ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။ သူ့ကိုတော့ မူးယစ်ဆေးဝါးမှုနဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ အကျဉ်းချခံခဲ့ရတာဖြစ်ပါတယ်။ သူဟာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှု တို့အတွက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်းက အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရတာဖြစ်ပါတယ်။

Photo :မိုးအောင်ရင်

မိုးအောင်ရင်ကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား၊ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူဟာ အဆိုတော် အောင်ရင်ရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ အပြုံးချိုချို၊ သဘောကောင်းလွန်းသူ၊ ပေးလာတဲ့ ကာရိုက်တာအပေါ် အကောင်းဆုံး သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ဒီနေ့ အထိ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချောတစ်ယောက်ပါ။ 


က္က