ပရိသတ်တွေ အံ့သြနေကြပါတယ်။
လူပျိုကြီး ဇာတ်မင်းသားလေး ဖိုးချစ်ကတော့ ပရိသတ်တွေကို Surprise တိုက်လိုက်သလိုပါပဲ။ ဒီနေ့မှာ သူစေ့စပ်သွားပြီဆိုတဲ့ သတင်းကြောင့် ပရိသတ်တွေ အံ့သြခဲ့ရပါတယ်။

Photo : YE Tun

ဇာတ်မင်းသား ဖိုးချစ်က ဒီနေ့(မေ၁ရက်)မှာ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်မှာ မိန်းကလေးတစ်ဦးနဲ့ စေ့စပ်သွားပြီလို့ အွန်လိုင်းစာမျက်နှာတွေမှာ ပြန့်နေခဲ့ပါတယ်။ ဖိုးချစ်ဟာ သူ့ရဲ့အချစ်ရေးနဲ့ ပတ်သက်လို့ မီဒီယာတွေမှာ ဖြေလေ့ဖြေထ မရှိသလို အပြင်မှာလည်း သူ့ရဲ့ အချစ်ရေး သတင်းက ကောလာဟလထွက်တာတောင် မရှိခဲ့ပါဘူး။ ဒီနေ့မှာ စေ့စပ်သွားတယ်ဆိုတဲ့ သတင်းကြောင့် ပရိသတ်တွေအားလုံး အံ့သြသွားခဲ့ပါတယ်။

Photo : YE Tun

ဖိုးချစ်စေ့စပ်သွားပြီဆိုတဲ့ သတင်းကို YE Tun ဆိုတဲ့ အကောင့်ကနေ ယခုလိုပြောပြထားတာပါ။

“ဇာတ်မင်းသားလေးဖိုးချစ် လှိုင်းဘွဲမြို့မှာ 1/5/19 နံနက်ပိုင်း စေ့စပ်ပွဲ အခမ်းအနား” ဆိုပြီး မေ(၁) ရက်နေ့က ရေးထားတာ စေ့စပ်ပွဲ ပုံလေးတွေလည်း တင်ထားပါတယ်။

Photo : ဖိုးချစ်

ဖိုးချစ်သတင်းနဲ့ ပတ်သက်ပြီး Duwun Media က ဖိုးချစ်ဆီ ဆက်သွယ်ခဲ့ရာမှာလည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။ ဒါပေမဲ့ ဖိုးချစ်က ဖေ့စ်ဘွတ်ပေ့ချ်မှာတော့ “What's up today?” ဆိုပြီး လွန်ခဲ့တဲ့ မိနစ်ပိုင်းက ရေးထားတာတွေ့ရပါတယ်။

ပရိသတ်တွေကလည်း သူ့ရဲ့ စေ့စပ်တဲ့နေ့လေဆိုပြီး ပြန်ပြောထားကြပါတယ်။ တချို့ပရိသတ်တွေကလည်း ဒီသတင်းကို ကောလာဟလဖြစ်ပါစေလို့ ဆုတောင်းထားပါသေးတယ်။

Photo : ဖိုးချစ်

ဖိုးချစ်ဟာ မြန်မာ့ဇာတ်သဘင်လောကမှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူတစ်ဦး နယ်ပရိသတ်များရဲ့ တခဲနက် အားပေးခြင်းကို ခံရတဲ့ မင်းသားဦးဖြစ်ပါတယ်။ ဇာတ်သဘင်လောကမှာလည်း နာမည်ကြီးသလို သူရှင်သန်ရာ ဇာတ်သဘင်နဲ့ ပတ်သက်ပြီး အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာ မြန်မာ့ ဇာတ်သဘင်ရဲ့ ဥက္ကဌအဖြစ်လည်း တာဝန်ယူဆောင်ရွက်နေသူ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က