လူမမာဆီက လိမ်ယူသွားတာ ၁ နှစ်ကျော်ပါပြီတဲ့။

ငွေကြေးအလိမ်ခံလိုက်ရတဲ့ ကစ်ကစ်အတွက် ခင်သဇင်က စိတ်မကောင်းဖြစ်လို့နေပါတယ်။ ဒါကြောင့် ကစ်ကစ်ဆီက ယူသုံးထားတဲ့ အလှူငွေပိုက်ဆံတွေကို ပြန်လာပေးဖို့ အခုလို ပြောပြထားပါတယ်။

Photo: Khin Thazin

ခင်သဇင်ဟာ ကျောက်ကပ်ဝေဒနာခံစားနေရတဲ့ ကစ်ကစ်ဆီကနေ ငွေကြေး လိမ်လည်သွားသူကို အခုလို တု့ံ့ပြန်စကားဆိုလိုက်ပါတယ်။ ငွေလိမ်ခံလိုက်ရတဲ့ ကစ်ကစ်အတွက်လည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။ 

‘’လူတွေလည်း ကြောက်ဖို့ကောင်းလိုက်တာလူမမာ ဆီက အလှူငွေတွေကို လိမ်ပြန်ပြီ။ မလုပ်သင့်တာကို လုပ်ကြတယ်။ လူမမာက သူတို့ အားကိုးပြီး ငွေလည်း သူတို့ဆီ အပ်ထားပါတယ်။ ကိုယ့်အလှူငွေလေးတွေကို ကိုယ်ပြန်တောင်းနေရတာ အကြွေးတောင်းသလို ပြန်တောင်းနေရတာ တစ်နှစ်ပြည့်တော့မယ်တဲ့။ သူဒီကိစ္စ ပြောပြောနေတာ ကြာပြီ။ ကိုယ်လည်း တစ်နေ့ပြန်ရနိုးနဲ့ သူ့ကိုပဲ နှစ်သိမ့် လာခဲ့တာ အခုတော့ ကြားထဲက မြင်နေ ကြားနေရတာ မနေနိုင်လို့ ရေးလိုက်ပြီကွယ်’’ ဆိုပြီးတော့ ဇူလိုင်လ ၄ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Khin Thazin

ကစ်ကစ် ကိုယ်တိုင်ကလည်း လာရောက်လှူဒါန်းထားကြတဲ့ အလှူငွေနဲ့ လက်ရှိမှာ ကျောက်ကပ် ဆေးနေရတာပါလို့ ဆိုပါတယ်။ လိမ်သွားတဲ့ ပိုက်ဆံတွေကိုလည်း ကစ်ကစ်ထံ ပြန်လည် ပေးအပ်ဖို့အတွက် ခင်သဇင်က တောင်းဆိုခဲ့ပါတယ်။

‘’သူ့ခမျာလည်း ကျောက်ကပ်လေး အစားထိုးချင်ရှာတော့ ရသမျှ အလှူငွေလေးတွေကို ပွားစေချင်လို့ ယုံကြည်အားကိုးပြီး ပုံမိကာမှ ဒီလိုအဖြစ်ဆိုးတွေ ကြုံရရှာတယ်။ ဘယ်ဘဝ ဝဠ်ကြွေးတွေလဲ အမရယ်။ တကယ် စိတ်မကောင်းပါဘူး။ အခု ဒီ post ကို ဖတ်ရတဲ့ ကာယကံရှင် ငွေယူသွားတဲ့ အမလည်း အကုသိုလ် မယူပါနဲ့လို့ သေသေချာချာလေး ပြန်ပေးပေးပါလို့ သဇင် ကြားထဲက တောင်းပန်ပါတယ်။ အစ်မ တို့က ပိုက်ဆံ အသင့် အတင့်ရှိပြီး အဆင်ပြေနေသူတွေပဲ။ လူမမာရဲ့ မရှိမဲ့ ရှိမဲ့ငွေလေးတွေ ကိုတော့ပြန်ပေးလိုက်ကြပါကွယ်။ ဟိုမှာ မအိပ်နိုင် မစားနိုင်နဲ့ဒီကိစ္စ ကိုပဲ တကျီကျီ ဖြစ်ပြီး ရောဂါက ထပ်ဖောက်တော့မယ်။ မလုပ်ကြပါနဲ့။ ကြားထဲက တောင်းပန်တာပါ။ ပြန်ပေးပေးလိုက်ပါနော်’’ ဆိုပြီးတော့လည်း ဆက်လက် ရေးသားထားပါတယ်။

Photo: Khin Thazin

ခင်သဇင်က လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေရိုက်ကူးနေရတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လို့နေပါတယ်။ အဲဒီနောက် သူမဟာ ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း အဆက်မပြတ် ပြုစု စောင့်ရှောက်ပေးနေသူ တစ်ဦးပါ။ ခင်သဇင်က အနုပညာအလုပ်လည်း လုပ်နေတာဖြစ်သလို ပညာရေးနဲ့ ပတ်သက်ပြီးတော့လည်း ဒေါက်တာဘွဲ့ယူဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က