သူမပြုလုပ်နေတဲ့ အလှူဒါနတွေကိုလည်း အမျှပေးဝေထားပါတယ်။

မိုးပြည့်ပြည့်မောင်က (၇) ရက်တာ တရားစခန်းဝင်ပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ သူမပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုတွေကိုလည်း ပရိသတ်တွေ သာဓုခေါ်နိုင်အောင် အမျှပေးဝေထားပါသေးတယ်။

Photo : မိုးပြည့်ပြည့်မောင်

Drama မင်းသမီးလို့ အသိအမှတ် ပြုလောက်အောင် အငို၊ အလွမ်း အခန်းတွေကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူက မိုးပြည့်ပြည့်မောင်ပါ။ သရုပ်ဆောင် မိုုးပြည့်ပြည့်မောင်က လှည်းကူးမြို့နယ် သစ္စာရွှေစည်တရားစခန်းမှာ (၇)ရက်တိုင်တိုင် တရားစခန်းဝင်ပြီး ကုသိုလ်ယူခဲ့တယ်လို့ သိရပါတယ်။

“လှည်းကူးမြို့နယ်သစ္စာရွှေစည်တရားစခန်းတွင်(7)ရက်တိုင်တိုင်ပြုရသောဒါန,သီလ,ဘာဝနာကုသိုလ်ကောင်းမှုတို့အားမိတ်ဆွေအပေါင်းအသင်းသူငယ်ချင်းများကျမနှင့်အတူထပ်တူရစေရန်....အမျှပေးဝေပါသည်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဇူလိုင်(၁၀) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။ သူမပြုလုပ်ခဲ့သော အလှူဒါနများကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားပါသေးတယ်။

Photo : မိုးပြည့်ပြည့်မောင်

သရုပ်ဆောင် မိုးပြည့်ပြည့်မောင်ဟာရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးရင်း ကုသိုလ်ကောင်း မှုတွေလည်း ပြုလုပ်လျက်ရှိတာ တွေ့ရပါတယ်။ နယ်ဖျော်ဖြေပွဲတွေမှာ သီချင်းတွေ သွားဆိုဖြစ်သ လို ဖျော်ဖြေပွဲတွေက ရရှိတဲ့ ငွေကြေးတွေကိုလည်း အလှူအတန်းတွေ ပြုလုပ်တတ်သူပါ။ မိုးပြည်ပြည့်မောင်ဟာ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူတစ်ဦး ဖြစ်ပါတယ်။

Photo : မိုးပြည့်ပြည့်မောင်

သမီးလေး တစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ သူမကလည်း သမီးပေါ် ထားရှိတဲ့ သူမရဲ့ သဘောထားလေးကိုလည်း ယခုလို ပြောပြဖူးပါတယ်။

“မိုးပြည့်သမီးလေးနဲ့ပတ် သက်ပြီးတော့လည်း မိဘတိုင်းက တော့ သားသမီးတွေကို အကောင်းဆုံးအရာတွေပဲပိုင်ဆိုင်စေချင်တယ်။ သားသမီးကို ဘယ်လိုတည့်မတ်ပေး ရမလဲ။ သွားနေတဲ့လမ်းကြောင်းက မှားနေရင် ပြုပြင်ပေးမယ်။ မိုးပြည့်ထိန်းသိမ်းပေးဖို့ပဲလိုပါတယ်။ ကိုယ့် ဆန္ဒကြီးဘာဖြစ် ချင်တယ်ဆိုတာကို မိုးပြည့်ကလေးအပေါ်ထားမှာ မ ဟုတ်ဘူး။ သမီးလေးက အနုပညာ ကိုဝါသနာပါတယ်။ ကိုယ့်ထက် သူကအိုက်တင်တွေ၊ ဘာတွေပိုလုပ် တတ်တယ်။ ဒါပေမယ့် ငယ်သေး တော့ မိုးပြည့်ပညာရေးကိုပဲ ဦးစား ပေးမှာပါ။ အရွယ်တစ်ခုရောက် လာလို့ သူဘာဖြစ်ချင်တယ်ဆိုရင် လည်း မိုးပြည့်မိဘ တစ်ယောက်အနေ နဲ့ အကောင်းဆုံးကူညီပံ့ပိုးပေးသွားမှာ ပါ’လို့ အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။

Photo : မိုးပြည့်ပြည့်မောင်

မိုးပြည့်ပြည့်မောင်ဟာဆိုရင် လက်ရှိမှာ ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ လုပ်ကိုင်နေတာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးလျက်ရှိပါတယ်။

Share

Loading Next Article...
က္က