အဆိုးထဲက အကောင်းကိုပဲ ပြန်တွေးပါ။

တိုင်ရွန်က သူ့ဘဝရဲ့ ခံစားချက်အနေနဲ့ မကောင်းတဲ့ အရာတွေကို မတွေးဘူးလို့ဆိုပါတယ်။ ဒါပေမယ့် အဆိုးထဲက အကောင်းတွေးတတ်တဲ့ အကြောင်းကိုလည်း ပြောပြလာပါတယ်။

Photo: တိုင်ရွန်



တိုင်ရွန်က သူကိုယ်တိုင် တွေ့ကြုံဖြတ်သန်းရတဲ့ အရာတွေကို အမြဲတမ်း ရင်ဖွင့်တတ်သူပါ။ အခုချိန်မှာလည်း အဆိုးထဲက အကောင်းနဲ့ပတ်သက်ပြီး သူ့ရဲ့ အတွေးအခေါ်လေးတွေကို ပြန်လည် မျှဝေခဲ့ပါတယ်။

‘’တစ်ခါတလေ ကိုယ့်နားက မကောင်းတာတွေထွက်သွားတဲ့အခါ ကိုယ်က မကောင်းတာတွေကို  စွဲလန်းနေတဲ့သူဖြစ်နေရင် ကံဆိုးတယ်လို့ထင်တတ်ကြတယ်။ တကယ်က ကံဆိုးတာ မဟုတ်ဘူး မကောင်းတာတွေ ကိုယ့်နားက ထွက်သွားတာ မခံစားပါနဲ့ ကံကောင်းလာတယ်မှတ်ပါ’’ ဆိုပြီးတော့ ဇူလိုင်လ ၉ ရက်နေ့ည ၁၀ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: တိုင်ရွန်

ပရိသတ်အားပေးမှုကို ရရှိထားတဲ့ တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

Photo: တိုင်ရွန်

မော်ဒယ်လောကမှာကတည်းက အောင်မြင်မှုတွေရရှိထားတဲ့ တိုင်ရွန်က သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း စီနီယာသရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေတာ တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က