ပရိသတ်ကိုယ်စား အလှူငွေပေးခဲ့ပါတယ်တဲ့။

ဇာတ်ကားရိုက်ကူးရေးတွေ နားနေရတဲ့အချိန်မှာ ဖိနပ်ချုပ်စားနေရတဲ့ ဟာသသရုပ်ဆောင် ကိုပါကျဲအတွက် အလှူရှင်ကိုယ်စား မြတ်သူသူဇင်က အလှူငွေ ပေးအပ်ခဲ့ပါတယ်။

Photo: Myat Thu Thu Zin

သရုပ်ဆောင် မြတ်သူသူဇင်ဟာ ဟာသသရုပ်ဆောင် ကိုပါကျဲအတွက် အလှူငွေပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအလှူဟာ ကိုရီးယားနိုင်ငံရောက် မြန်မာပရိသတ်တစ်ဦးရဲ့ အလှူဖြစ်တယ်လို့ သိရပါတယ်။

‘’MC ရဲ့ရိုက်ကူးရေးတစ်ခုလုပ်ရင်း ကိုပါကျဲကို ကိုရီးယားမှာရှိတဲ့ အစ်မတစ်ယောက်က လှူတဲ့အလှူလေးမှာ ကိုယ်စားလှူပေးခဲ့ပါတယ်။ ကိုပါကျဲရဲ့အပျော်တွေနဲ့ ထပ်တူလည်းပျော်နေမိပါတယ်။ ကိုယ်စားလှူ ပေးရပေမယ့် အရမ်းကျေနပ်ပီတိဖြစ်မိပါတယ်’’ ဆိုပြီးတော့ ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၃ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Myat Thu Thu Zin

ကိုပါကျဲဟာ အရင်တုန်းက ပရိသတ်အားပေးမှုရရှိခဲ့ဖူးတဲ့ ဇာတ်ပို့ သရုပ်ဆောင်၊ လူရွှင်တော်တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ရိုက်ကူးရေးတွေ မရှိတော့တဲ့ အချိန်မှာ စားဝတ်နေရေး အခက်အခဲတွေကြောင့် ထီးပြင်၊ ဖိနပ်ချုပ်၊ ပိုက်ဆံအိတ် စုတ်ပြဲနေတာတွေ ပြန်ချုပ်ပေးတယ်လို့ သိရပါတယ်။ သူဟာ စမ်းချောင်း၊ မကြီးကြီးလမ်းမှာ အစ်ကိုဖြစ်သူဖွင့်ထားတဲ့ ဖိနပ်ချုပ်ဆိုင်လေးမှာ အလုပ်လုပ်ပေးနေပါတယ်တဲ့။

Photo: Myat Thu Thu Zin

မြတ်သူသူဇင်ကိုတော့ ပရိသတ်တွေက ဝိညာဉ်ရှိုက်သံ၊ ဝင်္ကပါစံအိမ်၊ ရတနာထဲကရတနာ စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာကြတာပါ။ အဲဒီနောက် ‘’ပျားရည်အိုင်’’ ရုပ်သံဇာတ်လမ်းတွဲထဲမှာ ‘’မြညို’’ ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်တွေ ပိုမိုအားပေးလာကြတာ တွေ့ရပါတယ်။ လက်ရှိမှာလည်း သူမက MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးလို့နေပါတယ်။

Share

Loading Next Article...
က္က