နောက်လဆိုရင် သူမရဲ့ မွေးနေ့ရောက်ပါပြီ။

ပရိသတ်အချစ်တော် အဆိုတော်မလေး အိုင်းရင်းဇင်မာမြင့်ကတော့ သူမ အသက် တစ်နှစ်ကြီးလာတိုင်း ဘာတွေ တိုးတက်လာသလဲဆိုတာကို ပြန်လည်သုံးသပ်တယ်လို့ ဆိုပါတယ်။

Photo: အိုင်းရင်းဇင်မာမြင့်



အဆိုတော် အိုင်းရင်းဇင်မာမြင့်ကတော့ သြဂုတ်လအတွင်းမှာ ကျရောက်မယ့် မွေးနေ့အတွက် စိတ်လှုပ်ရှားလို့ နေပါတယ်။ အသက် တစ်နှစ်ကြီးလာတိုင်း သူမရဲ့ ကျန်းမာရေးကိုလည်း ပိုကောင်းအောင် ကြိုးစားချင်တယ်လို့ ဆိုပါတယ်။

‘’ရှေ့လ ကျွန်မမွေးနေ့ရောက်ပြန်ဦးတော့မယ်။ ငါဘာတွေတိုးတက်လာလဲ အသက်ကတစ်နှစ်ကြီးလာပြီ။ ငါ့ဘဝရေရာပြီလား။ သေချာတဲ့အခြေအနေပေးပြီလား။ တစ်ခါတလေ ကိုယ့်အတွေး ကိုယ့်ခံယူချက် ကိုယ့်လုပ်ရက်တွေ ကိုယ့်ကျန်းမာရေးကအစ ယူကြုံးမရဖြစ်နေတုန်းပါပဲ အဖြေစစ်ကို ဆန္ဒနဲ့ဘဝတစ်ထပ်ထဲကျချင်မိ။ ဖီလင်ကတော့ အရမ်းပင်ပန်းလျှက်ရှိ’’ ဆိုပြီးတော့ ဇူလိုင်လ ၂၅ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: အိုင်းရင်းဇင်မာမြင့်

အိုင်းရင်းဇင်မာမြင့်ကိုတော့ ပရိသတ်တွေက Melody World သီချင်းဆိုပြိုင်ပွဲကြီးကနေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ သူမဟာ အဆင့် ၄ အထိ တက်ရောက် တက်ရောက်နိုင်ခဲ့သူပါ။ အဲဒီနောက်မှာတော့ ‘’နှလုံးသားအရင်းနှီး’’ ဆိုတဲ့ သီချင်းနဲ့ ပရိသတ်အခိုင်အမာ ရရှိလာခဲ့သူလည်းဖြစ်ပါတယ်။ သူမကိုတော့ ဂီတဖျော်ဖြေပွဲတွေမှာ အမြဲတမ်း တွေ့မြင်နေရပြီဖြစ်တဲ့ အဆိုတော်တစ်ယောက်ဖြစ်လို့နေပါပြီ။

Photo: အိုင်းရင်းဇင်မာမြင့်

သူမဟာ လက်ရှိအချိန်မှာ မြန်မာပြည်ရဲ့ ပရိသတ် အခိုင်အမာရရှိထားတဲ့ အဆိုတော် တစ်ယောက်ဖြစ်နေပါပြီ။ အိုင်းရင်းဇင်မာမြင့်ဟာ သီချင်းဆိုလိုက်တိုင်း ခံစားသက်ဝင်မှုကောင်း သလို အသံပါဝါ ကွဲထွက်လှတဲ့ အသံကြောင့် ပရိတ်သတ်တွေ ပိုသတိပြုမိတဲ့ အဆိုရှင်တစ်ယောက်ပါ။ လက်ရှိအချိန်မှာတော့ သူမဟာ တစ်ကိုယ်တော် တေးစီးရီး(၂)ချပ်အထိ ထုတ်လုပ်ထားပြီး ဖြစ်ပါတယ်။

Photo: အိုင်းရင်းဇင်မာမြင့်

အိုင်းရင်းဇင်မာမြင့်က ၂၀၁၃ ခုနှစ်မှာတော့ ပထမဦးဆုံး တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’ယိမ်းလိုက်’’ ဆိုတဲ့ တေးစီးရီးလေး ထွက်ရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၄ ခုနှစ်က ‘’ချစ်လို့’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထပ်မံ ထွက်ရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ အဆိုတော် ကောင်းကောင်းနဲ့ အတူ ‘’နံရိုးပိုင်ရှင်’’ ဆိုတဲ့ အတွဲ အခွေလေး ထွက်ရှိခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ်မှာ သူမရဲ့ တတိယမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’မာ’’ ဆိုတဲ့ တေးစီးရီးလည်း နောက်ဆုံး ထွက်ရှိထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က