အနုပညာရဲ့ အကျိုးသက်ရောက်မှုတွေကို ပြောလာပါတယ်။
Sabal Thwin

ခရစ္စတီးနားခီဟာ နိုင်ငံတစ်နိုင်ငံမှာ အနုပညာတွေရဲ့ အကျိုးသက်ရောက်မှုတွေကို ရင်ဖွင့်ပြောပြလာပါတယ်။ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ဖန်တီးခွင့်တွေ ပေးစေချင်တယ်လို့ သူကဆိုပါတယ်။

Photo: ခရစ္စတီးနားခီ

ဒါရိုက်တာ ခရစ္စတီးနားခီက မြန်မာစကားပုံတွေက ပြောတဲ့ အဓိပ္ပာယ်တွေကို သူ့ရင်ထဲက ခံစားချက်တွေနဲ့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပြန်ပါတယ်။ ကိုယ်ဖွင့်ပြောလိုက်တဲ့ စကားတိုင်းမှာ အဓိပ္ပာယ် သက်ရောက်မှုတွေ အများကြီးရှိတယ်လို့ သူကဆိုပါတယ်။

‘’မရှိခိုးနိုး မလှစုန်းယိုး ဆိုတဲ့ စကားပုံတွေဟာ အလကားဖြစ်ပေါ်လာတာတော့မဟုတ်ပါ။ ပြင်ပလောကမှာ နေထိုင်ကြည့်တဲ့အခါ မိမိရဲ့ စကားဘယ်လောက်သက်ရောက်မှုရှိတယ်ဆိုတာဟာလည်း မိမိရဲ့အရည်အချင်း လုပ်ပုံကိုင်ပုံ မိမိအသိုင်းအဝိုင်းကို ကြည့်ပြီး လူတွေဟာ အမှား အမှန်ကို ဆုံးဖြတ်ကြပါတယ်။

ဒါဟာ ပတ်ဝန်းကျင်သေးသေးလေးကိုသာ ပြောပြနေတာပါ။ နိုင်ငံချင်း ယှဉ်ကြရတော့မယ် ဆိုရင်တော့ တစ်နိုင်ငံနဲ့ တနိုင်ငံ အနုပညာ အတတ်ပညာ စက်မှု လက်မှု စာပေ ဘယ်လောက်ထွန်းကားနေလဲ အပေါ်မှာ မူတည်ပြီး လူတွေရဲ့ အထင်ကြီးမှု အထင်သေးမှု မိမိစကားသြဇာသက်ရောက်မှု တွေကွာခြားလာပါတယ်။ ဒါတွေတင်မကသေးပါဘူး။ အရေးကြုံလာတဲ့အခါ မှာလည်း အခုနက စကားပုံအတိုင်း ဒီမြန်မာတွေပဲ ခိုးတာနေမှာ ဒီမြန်မာတွေပဲသတ်တာနေမှာ ဒီမြန်မာတွေပဲ ယုတ်မာတာနေမှာ...ဒီမြန်မာတွေပဲ ဒီမြန်မာတွေပဲ ဒီမြန်မာတွေပဲ ဆိုတဲ့အသံတွေကို ကမ္ဘာကကြားအောင် အပြောခံ အဆိုခံကြရမှာပါ။’’ လို့ သူကဆိုပါတယ်။

Photo: ခရစ္စတီးနားခီ

နိုင်ငံတိုင်းမှာ အနုပညာနဲ့ ပတ်သက်လာရင် တန်ဖိုးထားတတ်ကြတာများတယ်လို့ ခရစ္စတီးနားခီက ပြောပါတယ်။ အနုပညာစစ်စစ်ကို ဖန်တီးကြသူတွေက နိုင်ငံတစ်နိုင်ငံမှာ ပေါ်လွင်မှု ပိုထင်ရှားတယ်လို့ လည်း သြဂုတ်လ ၃၀ ရက်နေ့ နေ့လယ် ၄ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

‘’အောင်မြင်ပြီး လူအထင်ကြီးတဲ့ နိုင်ငံကြီးတစ်ခုအနေနဲ့ ရပ်တည်ချင်တဲ့ နိုင်ငံတွေမှာ ရုပ်ရှင် ဂီတ စာပေ ပန်းချီ ပန်းပု အစရှိတဲ့ အနုပညာ သမားတွေရဲ့ အနုပညာကွန့်မြူးမှု တွေကို ပံ့ပိုးကြတယ်။ ကြိုးစားတီထွင်ချင်တဲ့ စက်မှု၊ လက်မှု၊ ထုတ်ကုန် ပိုင်းတွေမှာ အားပေးကြတယ်။ အသိပညာ၊ အတတ်ပညာ နဲ့အတူ အားကစားပါမကျန် ဘက်ပေါင်းစုံမှာ ပြတ်မကျန်ခဲ့ဘူး ဆိုတာကို ပြသဖို့ နှစ်စဉ် လူငယ်တွေကို training တွေပေးကြ လိုအပ်တာတွေ ပံ့ပိုးကြပါတယ်။ အထူးသဖြင့် အနုပညာသမားတွေ ဟာ ကမ္ဘာမှာ သြဇာသက်ရောက်မှု အရှိဆုံး သူတို့ရဲ့ စကားသံဟာ အကျယ်လောင်ဆုံး သူတို့ရဲ့ image ဟာ အပေါ်လွင်ဆုံးမို့ နိုင်ငံကြီးတွေမှာ အနုပညာကို တန်ဖိုးထားတတ်ကြပါတယ်..(အနုပညာ အစစ် ဖန်တီးသူသာ)’’လို့ ပြောပြလာပါတယ်။

Photo: ခရစ္စတီးနားခီ

အဲဒီနောက် အနုပညာသမားတွေကို ကိုယ်ပိုင် လွတ်လပ်ခွင့်၊ အတတ်ပညာ၊ အသိပညာ ဖန်တီးခွင့်တွေ ပေးစေချင်တယ်လို့ လည်း ခရစ္စတီးနားခီက ပြောပြခဲ့ပြန်ပါသေးတယ်။

‘’အစွပ်စွဲခံ အနှိမ်ခံ လူမျိုးတွေအဖြစ် ကမ္ဘာမှာ မရပ်တည်ချင်ရင်တော့အနုပညာကိုမသတ်ပါနဲ့ မချိုးနှိမ်ပါနဲ့ လွတ်လပ်စွာ ဖန်တီးခွင့်ပေးပါ။ အသိပညာ၊ အတတ်ပညာ ကို အရောင်မှိန်အောင်မလုပ်မိပါစေနဲ့ မရှိခိုးနိုး၊ မလှစုန်းယိုး ဆိုတဲ့ စကားပုံဟာ မြန်မာအတွက်သီးသန့် ထွင်ပေးထားတဲ့ စကားပုံ လေးမဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်း။ မျှော်လင့်ချက်များစွာဖြင့်, ခရစ္စတီးနားခီ’’ ဆိုပြီးတော့ ဆက်လက်ရေးသားခဲ့ပြန်ပါသေးတယ်။

ခရစ္စတီးနားခီကိုတော့ ‘’ဥပါယ်တံမျဉ်’’ရုပ်ရှင်ကားကြီးရဲ့ ပုံဖော်သူ ဒါရိုက်တာ တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက်မှာတော့ ‘’မုုဒြာရဲ့ ခေါ်သံ’’ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသပြီးချိန်မှာတော့ အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ‘’Now & Ever’’ ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ သူမဟာ အနုပညာနဲ့ ပတ်သက်လာရင် ဒါရိုက်တာ တစ်ယောက်အဖြစ်သာမက မြန်မာအက ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ကပြနိုင်သူ တစ်ဦးဖြစ်ပါတယ်။




က္က