LGBT တွေကို Support လုပ်ခဲ့တာဖြစ်ပါတယ်။

နေခြည်ဦးက LGBT တွေအပေါ် သူမရင်ထဲကလာတဲ့ စကားတွေနဲ့ လှိုက်လှိုက်လှဲလှဲ အားပေးစကားဆိုခဲ့ပါတယ်။ သူမကိုယ်တိုင်ကလည်း LGBT အပေါ် ဝန်းရံသူ တစ်ယောက်ပါတဲ့။



Photo: Nay Chi Oo



နေခြည်ဦးက သူ့ရင်ထဲကလာတဲ့ စကားလုံးတွေနဲ့ LGBT အသိုင်းအဝိုင်းကို ဝန်းရံပေးတဲ့ စကားဆိုခဲ့ပါတယ်။ ကိုယ်ပိုင်ဖြစ်တည်မှုကို ပေါ်တင်ချပြရဲတဲ့ သတ္တိကိုလည်း လေးစားတယ်လို့ ဆိုပါတယ်။



‘’လူတစ်ယောက်က ကိုယ့်ရဲ့ယုံကြည်ရာ ကိုယ့်ရဲ့ ထင်မြင်ချက်ကိုတောင် ဒီလူ့ဘောင် အသိုင်းအဝိုင်းမှာ ရဲရဲဝင့်ဝင့် ချပြဖို့ဆိုတာ လွယ်တဲ့ ကိစ္စမှ မဟုတ်တာ။ ကိုယ့်ရဲ့ ဖြစ်တည်မှုကိုပါ ချပြနေတဲ့ လူတွေကို နေခြည် support လုပ်တယ်။  ချစ်လဲချစ်တယ်။ GAY ဖြစ်မှ #LGBT  ကို support လို့ရတာမဟုတ်ဘူးလေ’’ဆိုပြီးတော့ ဇွန်လ ၂၅ ရက်နေ့ မနက် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Nay Chi Oo

ကိုယ်ပိုင်ဖြစ်တည်မှု နဲ့ ရဲရဲဝံ့ဝံ့ရပ်တည်နိုင်သူတွေက အမြဲတမ်း အောင်နိုင်သူတွေ ဖြစ်တယ်လို့ နေခြည်ဦးက ပြောပါတယ်။



‘’နေခြည်တို့လို straight ဖြစ်ပေမယ့် #LGBT community တစ်ခုလုံးကို support လုပ်နေကြတဲ့ သူတွေ အသိုင်းအဝိုင်းမရွေးအဆင့်အတန်းမရွေးမှာလဲ ရှိနေကြတယ်ဆိုတာ 

အဆင်သင့် မဖြစ်သေးတဲ့သူတွေရော ထုတ်ပြချင်ပေမယ့် ထိုးနှက်မှုဒဏ်ကို ကြောက်လို့ မဝင့်မရဲဖြစ်နေတဲ့သူတွေကိုရောကိုပါ သိစေချင်တယ်။ Stand Up High and Stay Strong  I love you for who you are nd i support you just like my family. LET LOVE WINS !!!!!!’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားထားပါသေးတယ်။

Photo: Nay Chi Oo

နေခြည်ဦးက အခုဆိုရင် သူမကိုချစ်တဲ့ ပရိသတ်အများကြီးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူမကလည်း We Love လေးတွေကို အရမ်းချစ်သလို၊ We Love လေးတွေကလည်း သူမကို အရမ်းချစ်ပါတယ်။ မကြာခဏဆိုသလို နေခြည်ဦးက ပရိသတ်တွေနဲ့ အတူတူ ပျော်ပျော်ပါးပါး စကားတွေ ပြောလေ့ရှိပါတယ်။

သူမကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင် ရောက်ရှိလာတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က