သုဒြာ ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်ပါတယ်။

ပြေတီဦးကတော့ သရုပ်ဆောင်ဝါသနာပါတဲ့ ကလေးတွေအတွက် အခွင့်အရေးတစ်ခု ပေးလိုက်ပြီဖြစ်ပါတယ်။ ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ သုဒြာ ရုပ်ရှင်ဇာတ်ကားကနေ သရုပ်ဆောင် အသစ်တွေ ခေါ်ယူနေတာ တွေ့ရပါတယ်။

သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ သုုဒြာ ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးအတွက် ကလေးသရုပ်ဆောင်တွေ ခေါ်နေတာကို တွေ့ရပါတယ်။



‘’ဇာတ်ကောင် (၁) Casting Call !!!ကလေး/ဆယ်ကျော်သက် သရုပ်ဆောင် ခေါ်ယူခြင်း။ 'သုဒြာ' ရုပ်ရှင်ထုတ်လုပ်ရေး မှ ရိုက်ကူးမည့် 'ငရဲဆို ချိုနဲ့လား' ရုပ်ရှင်ဇာတ်ကားကြီး အတွက်'ဇာတ်ကောင်(၁)' နှင့် ရုပ်တူသော ငယ်ဘဝ (ကလေး/ဆယ်ကျော်သက်) သရုပ်ဆောင်များ - 4.7.2019 မှ 1.8.2019 အတွင်း လျောက်ထားနိုင်ပါသည်’’ဆိုပြီးတော့ ငရဲဆိုတာ ချိုနဲ့လား ဇာတ်ကား Page မှာ ဇူလိုင်လ ၅ ရက်နေ့ ညနေ ၅ နာရီက ရေးသားထားတာ တွေ့ရပါတယ်။

အဲဒီနောက် သရုပ်ဆောင်ပြေတီဦးကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ‘’သရုပ်ဆောင် ဝါသနာပါသော မျိုးဆက်သစ်များ လျှောက်ထားနိုင်ပါပြီ’’ဆိုပြီးတော့ဇူလိုင်လ ၅ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်က ရေးသားထားပါတယ်။ ဝါသနာရှင်တွေမှာ ရှိသင့်တဲ့ အရည်အချင်းတွေကိုလည်း အခုလို ဖော်ပြထားပါတယ်။

‘’ယောကျာၤးလေး အသက် (၅) နှစ်မှ (၂၀)နှစ် ကြား ဖော်ပြပါ 'ဇာတ်ကောင်(၁)' နှင့် ရုပ်ရည် ဆင်တူရပါမည်။ အထူးသဖြင့် မျက်လုံး ဆင်တူရပါမည်။ လျှောက်ထား ရမည့်ပုံစံ 'ငရဲဆို ချိုနဲ့လား ရုပ်ရှင်' Page တွင် တင်ထားသော ဇာတ်ကောင်(၁) အတွက် နမူနာ အိုက်တင် Video ထဲက အတိုင်း (အလင်းကောင်းမွန်သော နေရာတစ်ခုတွင်) သရုပ်ဆောင်ကာ ဖုန်းဖြင့် Video ရိုက်၍ ပေးပို့ ရပါမည်’’ လို့ သူကဆိုပါတယ်။

လာရောက် လျှောက်ထားမယ့် သရုပ်ဆောင် ဝါသနာရှင်တွေကလည်း အဓိက အားဖြင့် မိဘအုပ်ထိန်းသူ လက်မှတ်ပါရမယ်လို့ ဆိုပါတယ်။

‘’ကိုယ်ရေးအချက်အလက်များဖြစ်သော အမည်၊ အသက်၊ အရပ်အမြင့်(ပေ၊လက်မဖြင့် အတိုင်းအတာ)၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ် များကို ရေးသားဖေါ်ပြ၍ Facebook page Massenger မှ တိုက်ရိုက်ဆက်သွယ် ပေးပို့နိုင်ပါသည်။ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် ပါဝင်ရပါမည်။ ဆက်သွယ်ရန် Facebook Page : ငရဲဆို ချိုနဲ့လား Email : akaridko@gmail.com Ph.No : +959445273681’’ လို့လည်း ဆက်လက်ရေးသားထားတာ တွေ့ရပါတယ်။

သုဒြာ ရုပ်ရှင်ထုတ်လုပ်ရေးကနေ ပထမဆုံး ထုတ်လုပ်ထားတာကတော့ ‘’ရောင်ပြန်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဒီဇာတ်ကားကလည်း ပရိသတ်အားပေးမှု အများကြီး ရရှိခဲ့တာပါ။ ဒီထုတ်လုပ်ရေးကနေ ထုတ်လုပ်မယ့် ရုပ်ရှင်ဇာတ်ကားတွေကိုတော့ ပရိသတ်အတွက် ဗဟုသုတ ရစေမယ့်၊ အကျိုးရှိစေမယ့် ဇာတ်ကားတွေကိုသာ စိစစ်ရွေးချယ် ထုတ်လုပ်သွားမယ်လို့ အိန္ဒြာကျော်ဇင်က မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က