ဒီအလုပ်က အင်မတန်ကို ဖြူစင်သန့်ရှင်းတဲ့အလုပ်ပါတဲ့။
Sabal Thwin

ပရဟိတဆိုတာကို အမည်ခံပြီး ကိုယ်ချင်းစာစိတ်မထားတတ်ရင် ပရဟိတသမားတစ်ယောက် မဖြစ်ဘူးလို့ ဦးကျော်သူက ပြောပါတယ်။ သူကိုယ်တိုင်က လက်ရှိမှာ နာရေးကူညီမှုအသင်းကြီးရဲ့ ပဲ့ကိုင်ရှင်တစ်ဦးပါ။

Photo: Kyaw Thu

ပရဟိတမင်းသားကြီး တစ်ဦးလို့တောင် ပရိသတ်တွေ သတ်မှတ်ထားတဲ့ ဦးကျော်သူက ပရဟိတ လုပ်တယ်ဆိုတာ လူတိုင်းလုပ်လို့ရတာ မဟုတ်တဲ့အကြောင်းပြောလာပါတယ်။ ဒီလို အလုပ်မျိုးဟာ စိတ်နေစိတ်ထား ဖြူစင်မှသာ လုပ်လို့ရနိုင်တယ်လို့ ဆိုပါတယ်။

‘’ပရဟိတဆိုတဲ့ ပေးဆပ်မှုအလုပ်အပေါ်ဘယ်လောက်ပဲတော်တော်၊ဘယ်လောက်ပဲတတ်တတ် ကိုယ်ချင်းစာနာစိတ်ကင်းမဲ့စွာဖြင့် အများသူတကာနားနေတဲ့ အဆောင်လေးထဲမှာ မူးရူးပြီး အပေါ့သွား၊ အလေးစွန့်၊ နယ်မြေကျူးပြီးဝင်ရောက်အိပ်၊ ဆဲဆိုတိုင်းတာမှု တွေလုပ်တတ်တဲ့သူတွေကို ပရဟိတသမားလို့ခေါ်ဆိုလို့ရသလား? ကျွန်တော်သိတဲ့ ပရဟိတအလုပ်ဆိုတာ အင်မတန်သန့်ရှင်းဖြူစင် သီလလုံခြုံစွာဖြင့် ကိုယ်ချင်းစာနာစိတ်ထားပြီး ကူညီဖေးမလုပ်ပေးရတဲ့ ဘုရားသခင်တွေ လုပ်ခဲ့တဲ့အလုပ်ဗျ။ (ကျော်သူ)’’ ဆိုပြီးတော့ ဇူလိုင်လ ၁၃ ရက်နေ့ ည ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားထားပါတယ်။

Photo: Kyaw Thu

ဦးကျော်သူက လက်ရှိမှာ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ ဝရဇိန် ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အတူ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။ သူဟာ အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေတာဖြစ်သလို နာရေးကူညီမှုအသင်းကြီးကိုလည်း ဦးဆောင်စီမံနေသူ ဖြစ်ပါတယ်။ ဒီအသင်းကနေ အလှူအတန်းတွေ၊ ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

Photo: Kyaw Thu

ကျော်သူဟာ ၁၉၉၄ခုနှစ်တွင် အကောင်း ဆုံးအမျိုးသားဇာတ်ဆောင်ဆုကို "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၀၃ခုနှစ် မှာတော့ အကောင်းဆုံးဒါရိုက်တာဆုကို အမေ့နို့ဖိုး ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိထားသူ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ၂၀၁၈ ခုနှစ်အတွက် Star Awards ဆုချီးမြှင့်ပွဲမှာ ‘’ပုဂံမြို့သူ’’ ရုပ်သံဇာတ်လမ်းတွဲနဲ့ အကောင်းဆုံး ဇာတ်လမ်းတွဲ ဒါရိုက်တာဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က