သူမက အောင်မြင်တဲ့ အဆိုတော်တစ်ဦးဖြစ်လို့နေပါပြီ။

ဆိုဖီယာက သမာအာဇီဝကျကျ ကြိုးစားရှာထားတဲ့ ငွေကြေးအပေါ် တန်ဖိုးထားပါတယ်တဲ့။ သူမဟာ လူငယ်ပရိသတ်တွေ အားပေးမှုရရှိထားတဲ့ သူတစ်ယောက်ပါ။

Photo: Sofia



အဆိုတော် ဆိုဖီယာက ကိုယ်တိုင်ကြိုးစားမှုနဲ့ ရှာဖွေရတဲ့ ငွေကြေးအပေါ် တန်ဖိုးထားတဲ့ အကြောင်းပြောလာပါတယ်။ လက်ရှိမှာလည်း သူမဟာ လူငယ်ပရိသတ်တွေကြားမှာ အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

‘’Brand မကလို့ ကားဖြစ်ဖြစ်၊ အိမ်ဖြစ်ဖြစ်၊ ကိုယ်အလုပ်နဲ့ သမာအာဇီဝ ရှာ လို့ရတဲ့ ပိုက်ဆံနဲ့ ဝယ်တဲ့ အရာ ကို ထုတ်ပြ ကြွားပြရတာ အရမ်း ဂုဏ်ရှိပါတယ်။ ဟိုလူ (အီဆီကလီ)ပေးတာ ဒီလူ(အီဆီကလီ)ပေးတာ တွေနဲ့ကိုယ့်ဟာကိုယ်ကြတော့ မရှာနိုင် ။ ဒါပေမယ့် ခေါင်းမော့ပြီး ကြွားဝါနေနိုင် နေတဲ့ သူတွေ လည်း ပတ်ဝန်းကျင်မှာ တန်းဆီနေတာပါပဲ။ သူတို့ပိုင်ပါတယ် ပေါ့'' ဆိုပြီးတော့ မတ်လ ၂၇ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။

Photo: Sofia

ဆိုဖီယာဟာ Crush On You ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးကို ထွက်ရှိပြီးခဲ့ပြီဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Poison ၊ ရွံစရာကြီး ၊ Too Much ၊ X-Box နဲ့ သီဆိုထားတဲ့ Snapshot ၊ စန္ဒီမြင့်လွင်နဲ့ သီဆိုထားတဲ့ IDFC ၊ အနားမှာ ၊ နင့်ရဲ့ စတဲ့ သီချင်းတွေကလည်း သူမအတွက် အောင်မြင်ခဲ့တဲ့ သီချင်းတွေဖြစ်ပါတယ်။

Photo: ဆိုဖီယာ

ဆိုဖီယာက Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲကြီး ပြီးတဲ့နောက် Crush On You ဆိုတဲ့ တစ်ကိုယ်တော်တေးသီချင်းထွက်ရှိခဲ့ပါတယ်။ အဲ့ဒီနောက် သူ့အနေနဲ့ အွန်လိုင်းကနေပဲ သီချင်းအသစ်တွေ ဖန်တီးပေးနေတာဖြစ်ပါတယ်။ ဆိုဖီယာဟာ ဂီတဘက်မှာ အောင်မြင်နေရုံသာ မက သရုပ်ဆောင်နဲ့ ပတ်သက်ပြီးတော့လည်း ဇာတ်ကားတွေရိုက်ကူးထားတယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က