သူမရဲ့ ရုံးခန်းမှာ ပြုလုပ်ခဲ့တာပါ။

နေခြည်ဦးကတော့ သူမရဲ့ Beauty by Nay Chi Company ရုံးခန်းမှာ ပြုခဲ့တဲ့ ကုသိုလ်အလှူအတွက် ၇ ရက်သားသမီးတွေကို မျှဝေပေးခဲ့ပါတယ်။
























































နေခြည်ဦးက သူမရဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ Beauty by Nay Chi Company ရုံးခန်းမှာ ဧပြီလ ၁ ရက်နေ့ မနက်ပိုင်းက သစ်တံခါးဆရာတော်ကြီးကို နေ့ဆွမ်းကပ်၊ ပရိတ်တရားနာခဲ့တယ်လို့ ဆိုပါတယ်။



‘’ နေခြည့်ရဲ့ အားကိုးရာ ယုံကြည်ရာ ဦးဆောင်လမ်းပြပေးသူ ကျေးဇူးရှင် သစ်တံခါးဆရာတော် ဒီနေ့ ရုံးခန်းမှာ နေ့ဆွမ်းနဲ့ ပရိတ်တရားနာ ဟောကြားပေးပါတယ်။ သတ္တဝါအားလုံး အပူပင်ကင်း၍ စိတ်ကျန်းမာ ကိုယ်ချမ်းသာရှိကြပါစေ’’ ဆိုပြီးတော့ ဧပြီလ ၁ ရက်နေ့ ညနေ ၄ နာရီခွဲပြီး ၉ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
























































Photo: Nay Chi Oo

နေခြည့်ရဲ့ ပရိသတ်တွေကလည်း ဒီအလှူအတွက် သာဓု ၃ ကြိမ်ခေါ်ဆိုခဲ့ကြပါတယ်။ နေခြည်ဦးဟာ အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေတာဖြစ်သလို သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေးအတွက်ကိုလည်း ဦးဆောင်နေရသူ ဖြစ်ပါတယ်။ သူမဟာ Beauty Blogger တစ်ယောက်အနေနဲ့ အနုပညာလောကကို စတင်ဝင်ရောက်လာဖြစ်ပြီး အခုချိန်ထိလည်း Beauty Blogger အလုပ်ကို ဆက်လက်ဆောင်ရွက်နေတုန်းပါပဲ။


နခြည်ဦးက အခုဆိုရင်တော့ အနုပညာလောကထဲမှာ သရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်နေတာ တွေ့ရပါတယ်။ သူမဟာ ‘’ဧည့်သည်’’ ၊ ‘’အောက်ဖဲမလှန်ကြေး’’၊ ‘’ ကိုယ်ပွား’’၊ ‘’ရန်သူ’’၊ စတဲ့ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးထားတာကို တွေ့ရပါတယ်။

ဲဒီနောက်မှာတော့ ကြာခင်မှာ သရုပ်ဆောင် အကယ်ဒမီနေတိုးနဲ့ အတူ ‘’အခမ်းနားဆုံး မေတ္တာ’’ ဆိုတဲ့ရုပ်ရှင်ကားကြီးကို ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒါဟာ သူမအတွက်တော့ နေတိုးနဲ့အတူ ပထမဆုံး သရုပ်ဆောင်ရမယ့် ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် နေတိုး၊ ဇင်ဝိုင် း၊တိုင်ရွန်၊သူရိယ၊ စိုးမြတ်သူဇာ၊ နေခြည်ဦးနဲ့ ခင်သဇင်တို့က အဓိက သရုပ်ဆောင်တွေအဖြစ် ပါဝင်သွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က