ကူးစက်နိုင်တဲ့ အကြောင်းအရာတွေကိုတော့ အခုလို ပြောပြလာပါတယ်။

အဆိုတော်လင်းလင်းဟာ ကွမ်းရောင်းပြီး စီးပွားရှာနေသူတွေကို ထိခိုက်စေလိုတဲ့ရည်ရွယ်ချက်မရှိပေမယ့် ကွမ်းယာစားခြင်းကြောင့်လည်း COVID-19 ကူးစက်နိုင်တဲ့ ဖြစ်နိုင်ချေတွေရှိကြောင်းပြောပြလာပါတယ်။ 

အဆိုတော် လင်းလင်းကတော့ COVID-19 ကာကွယ်ဖို့အတွက် ကွမ်းစားခြင်းကိုလည်း ရှောင်ကျဉ်ဖို့ လိုအပ်လာပြီလို့ ဆိုပါတယ်။ တခြားသူရဲ့ လက်ကနေ ယာပေးလိုက်တဲ့ ကွမ်းမှာ ဗိုင်းရပ်စ်ပိုးလည်း တွယ်ကပ်လာနိုင်ချေများတယ်လို့ ပြောပါတယ်။ 



"ကျွန်တော်တို့နိုင်ငံက 'ကွမ်း' နိုင်ငံလို့ပြောရရင်မမှားဘူး။ မိဘသဖွယ်ချစ်ခင်ခင်လေးစားရတဲ့ ဆရာကြီးဒေါက်တာညွန့်သိန်းကို လှမ်းမေးကြည့်ပြီး ပြောရမယ်ဆိုရင် ကွမ်းရောင်းသူနဲ့ ကွမ်းစားသူ ကြားမှာလဲ ဆောင်ရန်ရှောင်ရန်နဲ့ သတိထားရမယ့်အချက်တွေလဲ ဂရုပြုရမယ်ထင်တယ်ဗျ။ မထင်ထားတဲ့နေရာကနေ ကွမ်း ဟာ အရေးကြီးပြဿနာဖြစ်လာနိုင်ပါတယ်။ မက်စ်တွေပါးစပ်အုပ်၊ လက်ဆွဲမနှုတ်ဆက် နဲ့ဆင်ခြင်ပြီးလူတစ်ယောက်, ယာပေးတဲ့ ကွမ်းကြတော့ ပါးစပ်ထဲထိုးထည့်ရတာဆိုတော့ သေသေချာချာ ဂရုစိုက်ရမယ်ထင်တယ်"ဆိုပြီးတော့ မတ်လ ၂၄ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်။ 

အခုလက်ရှိမှာတော့ မြန်မာနိုင်ငံအတွင်းမှာ COVID-19 ကူးစက်ခံရသူ (၃) ဦး တွေ့ရှိထားပြီးဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။ ဒါကြောင့် လူစု လူဝေးပွဲတွေဖြစ်တဲ့ အကယ်ဒမီပေးပွဲ၊ Star Awards ဆုချီးမြှင့်ပွဲ၊ Sai Sai Birthday Show အပြင် နောက်ထပ် ဂီတ ဖျော်ဖြေပွဲများ၊ စာနယ်ဇင်းမိတ်ဆက်ပွဲတွေလည်း ရက်တွေ ရွှေ့ဆိုင်းထားခဲ့ရတယ်လို့ သိရပါတယ်။ မင်္ဂလာပွဲများ၊ ရှင်ပြု အလှူများ နဲ့ လူစုလူဝေးဖြစ်စေမယ့် အရာမှန်သမျှကိုလည်း မကျင်းပဖို့ သက်ဆိုင်ရာက တားမြစ်ထားတာကိုလည်း တွေ့ရပါတယ်။ အနုပညာရှင်များ အနေနဲ့ ရိုက်ကူးရေးတွေလည်း ရပ်နားထားရတယ်လို့ ပြောလာပါတယ်။ 

COVID-19 ဗိုင်းရပ်စ်ပိုးဟာ ကွမ်းရွက်၊ ကွမ်းသီး နဲ့ ထုံးအရည်တွေမှာလည်း ရှိနေနိုင်တယ်လို့ လင်းလင်းက ပြောပါတယ်။ အခုလို သတိပေးရခြင်းဟာ တစ်ပါးသူရဲ့ စီးပွားရေးကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်မရှိဘူးလို့လည်း ဆက်လက်ပြောခဲ့ပါသေးတယ်။ 

"ကွမ်းဟာ လူတန်းစားအလွှာစုံစားတာဆိုသော်လဲ ကွမ်းကြောင့်ထိခိုက်မယ့်လူဟာ အခြေခံလူတန်းစားများပါတယ်။ကျွန်တော်ကိုယ်တိုင်လဲ ထရီဇာမသိအောင် တစ်ခါတစ်လေ ကွမ်းကို ခိုးစားတတ်တဲ့လူပါ။ အဲဒီလူတန်းစားဟာ နိုင်ငံမှာ အများစုလို့ပြောရမှာပါ။ အစားအသောက်ဝယ်စုဖို့နေနေသာသာ သူတို့ဟာ တစ်ရက်စာတောင်အနိုင်နိုင်ပါ။ ပြီးရင်ကွမ်းဟာ တောင်းစား၊နှိုက်စား၊ယူစား နဲ့ မျှလို့ အရမ်းလွယ်ကူပါတယ်။

စားပြီးတဲ့အပြင် ကွမ်းတံတွေးကနေလဲ ကူးနိုင်တယ်ဆိုတော့ ကျွန်တော် တို့တော်တော်ဆင်ခြင်ရမယ်ထင်ပါတယ်" လို့ ဆိုပါတယ်။ 

အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံဟာ လက်ရှိမှာတော့ ခေတ်သစ်ဖောင်ဒေးရှင်း အနေနဲ့ COVID-19 ကာကွယ်ရေးအတွက် သိန်း ၁၀၀ မတည်ပြီး ဆေးပစ္စည်းများ လိုအပ်မှုရှိနေတဲ့ ဆေးရုံတွေမှာ အလှူအတန်းတွေ လုပ်နေတာကို တွေ့ရပါတယ်။ COVID-19 ကာကွယ်ရေး အလှူအတွက် ခေတ်သစ်ဖောင်ဒေးရှင်းကို အလှူငွေ ထည့်ခဲ့ကြတဲ့ အနုပညာရှင်တွေရော၊ အလှူရှင်တွေလည်း အများကြီးပါပဲ။ ခေတ်သစ်ဖောင်ဒေးရှင်းဟာ ငွေသားလှူဒါန်းခြင်းထက် သတ်မှတ်ထားတဲ့ ဘဏ်အကောင့်ကို ငွေလွှဲခြင်းဖြင့် ကုသိုလ်ယူနိုင်တယ်လို့လည်း ချစ်သုဝေက Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 



Share

Loading Next Article...
က္က