Sabal Thwin

ကိုပေါက်က သူ့အတွက် ထီ ၄ ခါမြောက် ပေါက်ပြန်ပါပြီတဲ့။ ကယားပြည်ကို ဇာတ်ကားရိုက်ဖို့သွားရင်းက လာရောင်းလို့ထိုးလိုက်တဲ့ ထီပါတဲ့။

Photo: Ko Pouk

ဒါရိုက်တာကိုပေါက်ဟာ ၆ ကြိမ်မြောက် သိန်းတစ်သောင်း ထီမှာတော့ ငွေကျပ် ၅သောင်းဆု ပေါက်ပါတယ်တဲ့။ သူဟာ ကယားပြည်နယ်ကို ဇာတ်ကားရိုက်ဖို့ သွားရင်းနဲ့ ထိုးခဲ့တဲ့ ထီပါလို့ ဆိုပါတယ်။

‘’စစ်ကားရုပ်ရှင်အတွက် ကယားပြည်နယ် ဟိုယာ ကယောဒေသသို့ scouting သွားရင်း မိုးဗြဲဈေးမှာ လက်ပွေ့ထီသည်အစ်မကြီးက ထီလာရောင်းလို့ ထိုးလိုက်တာ ၅ သောင်းဆု ပေါက်ပါတယ်ခင်ဗျ ။ အခုအကြိမ်နဲ့ဆိုရင် ၅ သောင်းဆုပေါက်တာ ၄ ကြိမ်ရှိပါပြီ။ စစ်ကားအတွက် အမှတ်တရပါပဲ’’ ဆိုပြီးတော့ သြဂုတ်လ ၁ ရက်နေ့ ည ၁၁ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Ko Pouk

စစ်ကားရုပ်ရှင်ဇာတ်ကားကြီးကိုတော့ 7 Sense Production က ထုတ်လုပ်တာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာကိုပေါက်က အမိုက်စားဖန်တီးမှုတွေပြုလုပ်သွားမှာပါ။ ‘’စစ်ကား’’ရုပ်ရှင်ဇာတ်ကားထဲမှာတော့ နေတိုး၊ ကျော်ကျော်ဗို၊ ရွှေထူးနဲ့ ထူးအောင်တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ မင်းသမီးကတော့ နွယ်ဒါလီထွန်း ပါဝင်မယ်လို့ သိရပါတယ်။

Photo: Ko Pouk

ကိုပေါက်က လက်ရှိမှာ ဒါရိုက်တာ တစ်ယောက်အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေတာကို တွေ့ရပါတယ်။ သူဟာ ဒါရိုက်တာအဖြစ်နဲ့သာမက သရုပ်ဆောင်အဖြစ်နဲ့ရော၊ ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်အနေနဲ့ပါ ဇာတ်ကားတွေ ထုတ်လုပ်ရိုက်ကူးနေတာကို တွေ့ရပါတယ်။ ကိုပေါက်ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးကတော့ သော်ဝန်းကြာဖြူဆိုတဲ့ ထုတ်လုပ်ရေးပါ။ ဒီထုတ်လုပ်ရေးကနေပြီးတော့ ‘’ဆယ်လီ’’ရုပ်ရှင်ဇာတ်ကားကြီးကို ထုတ်လုပ်ပြီး ရုံတင်ပြသခဲ့ပြီးပါပြီ။ နောက်ထပ်ဇာတ်ကားကြီးဖြစ်တဲ့ ‘’အသည်းလေးတွေပေးပါ’’ ဇာတ်ကားကိုတော့ ရိုက်ကူးခဲ့ပြီးဖြစ်ပြီး ရုံမတင်ရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က