loading...

loading...

loading...

ချစ်သုဝေရဲ့ စကားကို အပြည့်အဝ ထောက်ခံခဲ့ပါတယ်။
Sabal Thwin

သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ချစ်သုဝေရဲ့ ပြောစကားတွေအပေါ် သက်မွန်မြင့်က အပြည့်အဝ ထောက်ခံခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း ကလေးချစ်တတ်သူ ဖြစ်တာကြောင့် ဒီလို ကျူးလွန်သူတွေကို ထိရောက်တဲ့ အပြစ်ပေးသင့်တယ်လို့ ဆိုပါတယ်။

Photo: B

သက်မွန်မြင့်က သမီးလေးတစ်ယောက်ပိုင်ဆိုင်ထားတဲ့ မိခင်ဖြစ်တာကြောင့် သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို သေဒဏ်ချမှတ်သင့်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး အဆိုတော် ချစ်သုဝေရဲ့ ပြောစကားတွေကိုလည်း အပြည့်အဝ ထောက်ခံတယ်လို့ ပြောပါတယ်။

‘’မေမေ ထရီဇာပြောတာတွေ အကြီးကြီး ထောက်ခံပါတယ်။ ကိုယ်တိုင် နေမကောင်းတာရော အဲဒီလိုတွေ အမေးခံရ အကြောင်းရာတွေ ပြောရင် စိတ်ခံစားချက် တအားပြင်းတဲ့သူမို့ ခံနိုင်ရည်ရှိမှာ မဟုတ်လို့ အဲ့ပွဲလေး မတက်ခဲ့ပါဘူး။ ကလေးချစ်တတ်တဲ့သူ ဆိုတော့ မိခင်ဘဝမရောက်ခင်ကတည်းက ကလေးတွေ မိန်းကလေးတွေအတွက် အဲဒီကိစ္စကို တအားမုန်းတီးခဲ့တာပါ။ ခုဆို တကယ် လူမမယ်လေးတွေ တကယ့်ကလေးလေးတွေကိုမှ ကျူးလွန်ကြတယ်။ သူတို့ကို သေဒဏ် မပေးသင့်ဘူးလားရှင်!!!’’ လို့ဆိုပါတယ်။

Photo: Thet Mon Myint

သက်မွန်မြင့်ဟာ အခုလို သက်ငယ်မုဒိမ်းမှုတွေကြောင့် အပြစ်မဲ့တဲ့ ကလေးတွေအတွက် လုံခြုံမှု မရှိတော့ဘူးလို့ ဆိုပါတယ်။

‘’အပြစ်မဲ့ လူမမယ် ကလေးလေးတွေတွက် တကယ်ကို လုံခြုံစိတ်ချမှု အပြည့်အဝ ရစေချင်ပါတယ်။ မိဘတွေလည်း ရင်ကျိုးရခြင်းမှ ကင်းဝေးကြစေချင်ပါတယ်။ တိုင်းပြည်လည်း အေးချမ်းပါစေ။ ပြည်သူတွေလည်း ဘေးကင်းလုံခြုံ စိတ်အေးချမ်းကြရပါစေရှင်’’ ဆိုပြီးတော့ ဇွန်လ ၂၇ ရက်နေ့ ည ၇ နာရီကျော်က သက်ငယ်မုဒိမ်းနဲ့ပတ်သက်ပြီး အင်တာဗျူးဖြေထားတဲ့ ချစ်သုဝေရဲ့ ဗီဒီယိုဖိုင်လေးကို Share လုပ်ရင်း ပြောခဲ့တာပါ။

Photo: Amazing Grace

သက်မွန်မြင့်ဟာ ချစ်စရာကောင်းတဲ့ သားကြီး အားချစ်နဲ့ သမီးငယ်လေး လဝန်းမေ တို့ကို ပိုင်ဆိုင်ထားတဲ့ မေမေ ဖြစ်ပါတယ်။ အားချစ်ကတော့ အခုချိန်မှာ မူကြိုတက်တဲ့ အရွယ်ကို ရောက်နေပြီဖြစ်ပါတယ်။ သမီးငယ်လေး လဝန်းမေ ကတော့ အသက် ၂ နှစ်ကျော်အရွယ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ချစ်စရာလည်းကောင်းပြီး လည်လွန်းတတ်လွန်းကြတဲ့ ကလေးလေး နှစ်ယောက်ဖြစ်ပါတယ်။

Photo: Thet Mon Myint

သက်မွန်မြင့်ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမချစ်တဲ့အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။ အကယ်ဒမီ သက်မွန် ကတော့၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် သားလေးအားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ သက်မွန်မြင့်က မကြာခဏဆိုသလို သားနဲ့ သမီးတို့ရဲ့ လည်လွန်း၊ တတ်လွန်းတဲ့ အကြောင်းတွေကို ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးလေ့ရှိသလို မီဒီယာ အင်တာဗျူးတွေမှာလည်း ဖြေဆိုလေ့ရှိပါတယ်။ မေမေ သက်မွန်မြင့်ကို ချစ်ကြတဲ့ ပရိသတ်တွေ ကလည်း သားကြီး အားချစ်နဲ့ သမီးငယ် လဝန်းတို့ အပေါ်မှာလည်း အချစ်ပိုလို့နေပါတယ်။


loading...

က္က