သမီးတစ်ယောက် မိခင်ဖြစ်လို့ ဒီကိစ္စတွေအပေါ် မနှစ်သက်ဘူးလို့ဆိုပါတယ်။
Sabal Thwin

အေသင်ချိုဆွေဟာ သက်ငယ်မုဒိန်းမှုတွေအတွက် ထိထိရောက်ရောက်ဖြစ်စေမယ့် ပြစ်ဒဏ်မျိုးကို ချစေချင်တယ်လို့ ဆိုပါတယ်။ သူကိုုယ်တိုင်ကလည်း သမီးတစ်ယောက်အမေဖြစ်တာကြောင့် ဒီလိုဖြစ်ရပ်တွေအပေါ် ဒေါသဖြစ်မိတယ်လို့ ပြောပါတယ်။

Photo: A Then Cho Swe

အေသင်ချိုဆွေက သက်ငယ်မုဒိန်းမှုတွေနဲ့ ပတ်သက်ပြီး ဒေါသထွက်သလို ဝမ်းလည်း ဝမ်းနည်းမိတယ်လို့ ဆိုပါတယ်။ ပြည်ပနိုင်ငံတွေမှာ ဒီလို သက်ငယ်မုဒိန်းနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ပေးတာမျိုး လုပ်သင့်တယ်လို့ ဆိုပါတယ်။

‘’ကိုယ်လဲ သမီးလေးမွေးထားတော့ အဲ့လို သက်ငယ်မုဒိမ်းတွေကိုဖတ်မိရင် ဒေါသရော ဝမ်းနည်းတာရော ရင်တောင်အောင့်တယ် တကယ်ပြောတာ။ သက်ဆိုင်ရာများကိုအကြံပေးပါရစေ၊ တောင်ကိုရီးယာတို့ ဂျပန်တို့မှာဘယ်လိုကိုင်တွယ်လဲလေ့လာစေချင်တယ်။’’ ဆိုပြီးတော့ ဇွန်လ ၁၈ ရက်နေ့ ညနေ ၄ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: A Then Cho Swe

မုဒိန်းမှု ကျူးလွန်သူတွေကို လူအများရှိတဲ့နေရာတွေမှာ ပြစ်ဒဏ်ပေးသင့်တယ်လို့ အေသင်ချိုဆွေက ပြောပါတယ်။ 

‘’အဲဒီလိုလူမဆန်တဲ့ မှုခင်းတွေကို တကယ် TV ရုပ်သံရဲ့ သတင်း အစီအစဉ်မှာကို အကျယ်တဝံ့ဖော်ပြပြီး တစ်နိုင်ငံလုံးက ဝိုင်းမုန်းအောင် ရွံအောင် ကျူးလွန်သူကို သောက်ရှက်ခွဲရမယ်။ သက်ငယ်မုဒိမ်းမှု ဆိုရင် သေဒဏ်ပေးပါ၊ သေဒဏ်ပေးရင် တကယ့် public area မှာကို သတ်ပြရမယ် ဒီလို လုပ်ရင် ဒီလို ဖြစ်မယ်ဆိုတာကို သိအောင်မြင်အောင်လုပ်ကို လုပ်ပြရမယ်’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားထားပါတယ်။

Photo: A Then Cho Swe

အေသင်ချိုဆွေကို(A Then Cho Swe) ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေ သိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ပြီးသွားတဲ့နောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။

Photo: A Then Cho Swe

အနုပညာလောကထဲကို ၂၀၁၈ ခုနှစ်မှစပြီး ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ချိုဆွေက ဇူလိုင်လ ၁၀ ရက်နေ့မှာ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်လက်ထဲ အရောက်ပေးခဲ့ပါတယ်။ လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီးလုပ်သွားဖို့ ပြင်ဆင်နေပါတယ်။ သူမရဲ့ သီချင်းအသစ်တွေကိုလည်း မကြာခဏဆိုသလို အွန်လိုင်းပေါ်ကနေ မိတ်ဆက်ပေးခဲ့ပါသေးတယ်။


က္က