ဘယ်လိုနေနေ လှနေတဲ့ သူတို့ရဲ့ အားသာချက်လားဟင်။

ရိုက်ကူးရေး ပြီးတော့မှာဖြစ်တဲ့အတွက် ရှုတင်မှာ မှတ်တမ်းတင်ထားတဲ့ ပုံလေးတွေကို သက်မွန်က ပရိသတ်တွေအတွက် ပြန်တင်ပေးလိုက် တာ ဖြစ်ပါတယ်။ ရှုတင်မှာ သူငယ်ချင်းနှစ်ယောက် ဘယ်လိုကဲနေလဲဆိုတာ ကြည့်ရအောင်နော်။



Photo : သက်မွန်မြင့် FB

 

ကယန်းဝတ်စုံလေးတွေနဲ့ နေတိုးနဲ့ သက်မွန်မြင့်တို့ အပြိုင်ပဲပေးနေကြတာ တွေ့ရပါတယ်။ မကြာခင်မှာ ရိုက်ကူးရေး ပြီးတော့မှာ ဖြစ်တဲ့ အတွက် ရှုတင်မှာ မှတ်တမ်းတင်ထားတဲ့ ပုံလေးတွေကို သက်မွန်မြင့်က သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ ပရိသတ်တွေအတွက် တင်ပေးခဲ့တာ ဖြစ်ပါတယ်။

Photo : သက်မွန်မြင့် FB

 

သက်မွန်ဟာ သူငယ်ချင်းဖြစ်သူ"နေတိုး" နဲ့ အတူ  "ချည်" ရုပ်ရှင်ဇာတ်ကားကို အတူတူပုံဖော်နေတာ ဖြစ်ပါတယ်။ မကြာခင် ရန်ကုန်ပြန်လာ ရတော့မယ့် သက်မွန်က သူမရဲ့ ခံစားချက်လေးတချို့ကိုလည်း ယခုလို ရေးသားထားတာတွေ့ရပါတယ်။

"ကယန်းသူ ကယန်းသားလေး ချစ်စရာ ကောင်းကြတယ်မလား ။ ရှုတင်မှတ်တမ်းပုံလေးတွေ တင်ချင်တာ များသွားတယ်။ ရန်ကုန်ပြန် ရတော့မှာဆိုတော့ လည်း လွမ်းသား" ဆိုပြီး သက်မွန်မြင့်က ဇူလိုင်(၃၁) ရက်နေ့ ညက ရေးသားထားတာပါ။ ကယန်းဝတ်စုံလေးတွေနဲ့ လှနေတဲ့ သူတို့နှစ်ဦးရဲ့ပုံလေးတွေကိုလည်း ပြန်လည်ဖော်ပြပေးလိုက်တယ်နော်။

Photo : သက်မွန်မြင့် FB

သက်မွန်မြင့်အတွက် မွေးနေ့ surprise လုပ်ပေးခဲ့တဲ့ နေတိုး 

နေတိုးနဲ့ သက်မွန်မြင့်တို့ဟာ "ချည်" ဆိုတဲ့ ဇာတ်ကားလေးကို  ကယားပြည်နယ်မှာ အတူတူရိုက်ကူးနေတာ ဖြစ်ပြီး ဇူလိုင်(၂၃) ရက်နေ့က ကျရောက်ခဲ့တဲ့ သက်မွန်ရဲ့ မွေးနေ့ ကိုလည်း နေတိုးက မွေးနေ့ Surprise ပြုလုပ်ပေးခဲ့ပါသေးတယ်။

သက်မွန်ရဲ့ သူတို့နှစ်ဦးကတော့ လက်ရှိ အနုပညာခရီးလမ်းမှာ အောင်မြင်နေတဲ့ အနုပညာရှင်နှစ်ဦးလည်း ဖြစ်သလို ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူနှစ်ယောက် ဖြစ်ပါ တယ်။ သူမတို့နှစ်ယောက်ဆုံပြီး ရိုက်ကူးတဲ့ ဇာတ်ကားတိုင်းလိုလိုဟာလည်း ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။

Photo : သက်မွန်မြင့် FB

 

တကယ့်လို လိုက်ဖက်ညီတဲ့ အနုပညာမောင်နှမတွေလည်း ဖြစ်ပါတယ်။ သက်မွန်မြင့်ကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အား ပေးမှု  ရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ " အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်" ရုပ်ရှင်ဇာတ်ကား၊ ၂၀၁၆ခုနှစ်မှာ "ချစ်လှစွာသောအမုန်း" တို့နဲ့ အကယ်ဒမီဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Photo : သက်မွန်မြင့် FB

 

ကျရာဇာတ်ရုပ်တိုုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ယောက်ဖြစ်လာတဲ့ နေတိုးကတော့ ၂၀၀၉ခုနှစ်မှာ "မိုးညအိမ်မက်မြူ" ရုပ်ရှင် ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။

၂၀၁၅ခုနှစ်မှာတော့ နက္ခတ်မှားတဲ့တိုက်ပွဲ ရုပ်ရှင်ဇာတ်ကား၊ ၂၀၁၇ခုနှစ်မှာ "တာတေကြီး" ဇာတ်ကားတွေနဲ့ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။ နေတိုးဟာ အနုပညာအရည်အသွေးပြည့်ဝတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ယောက်အဖြစ် သရုပ်ဆောင် လောကမှာ အောင်မြင်စွာ ရပ်တည်နေနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က