အာဘွားတွေ ပေးလို့ ချစ်ဖို့ကောင်းလိုက်တာ။

ယွန်းဝတီလွင်မိုးက လက်ရှိမှာ သားလေးကို အချိန်တွေ ပေးဖြစ်နေပါတယ်။ သားလေး Liam ကလည်း မေမေနဲ့အတူ ဆော့ရလို့ ပျော်လို့နေပါတယ်။

 

Photo : ယွန်းဝတီလွင်မိုး IG



ပရိသတ်တွေရဲ့ အချစ်တော် ယွန်းဝတီလွင်မိုးဟာ စာမေးပွဲပြီးလို့ မြန်မာနိုင်ငံကို ခဏပြန်လာပြီး သားသားလေးကို အချိန်ပေးဖြစ်နေတာ တွေ့ရပါတယ်။ ဇူလိုင်(၄) ရက်နေ့ကလည်း သားလေးနဲ့ ဆော့နေတဲ့ ဗီဒီယိုဖိုင်လေးကို သူမရဲ့ အင်စတာဂရမ် Stories မှာ တင်ခဲ့ပါတယ်။

Liam လေးကလည်း မေမေနဲ့အတူ ဆော့ရလို့ ပျော်နေပါတယ်။ ချစ်စရာ ကောင်းလွန်းတဲ့ သူတို့သားအမိ ဗီဒီယိုဖိုင်လေးကို ကြည့်ပြီး ပရိသတ်တွေ အသည်းယားလို့ နေပါတယ်။ ယွန်းဝတီလွင်မိုးက သားလေးကို မေမေလို့ ခေါ်တတ်အောင် သင်နေတာလည်း တွေ့ရပါတယ်။

Photo : ယွန်းဝတီလွင်မိုး IG

ဒါပေမယ့် Liam လေးက မေမေလို့ မခေါ်တတ်သေးပေမယ့် သဲသဲလို့တော့ ပြောနေတယ်လို့ ယွန်းဝတီလွင်မိုးက ပြောပါတယ်။

‘’သားလေးက ဖေဖေ မေမေလို့များ စကားပြောမလားလို့စောင့်နေတာ အခုကျတော့ သူ့ဘာသာသူ ခေါ်တာ သဲသဲတဲ့။ စကားပြောတတ်နေပါပြီ။ ’’လို့ ဇွန်လ ၃၀ ရက်နေ့က Hearty Heart Beauty Talk ပွဲကိုတက်ရောက်ရင်း ဖြေဆိုခဲ့တာပါ

 

Photo : ယွန်းဝတီလွင်မိုး IG

လက်ရှိမှာတော့ ယွန်းဝတီလွင်မိုးဟာ ဖခင်ဖြစ်သူရဲ့ ဆုံးမသွန်သင်မှုကြောင့် ပညာကို ဆုံးခန်းတိုင်အောင် သင်ကြားသွားမယ်လို့ ပြောပါတယ်။ ကျောင်းပြီးတဲ့ အချိန်မှာတော့ ကိုယ်ပိုင် စီးပွားရေး လုပ်မယ်လို့ ဆိုပါတယ်။

‘’အခုကတည်းက မိသားစုအတွက် အလုပ်လုပ်တယ်၊ ပိုက်ဆံရှာတယ်။ နောက်ဆိုရင်လည်း ကိုယ့်ကုမ္ပဏီ ကိုယ်ထောင်ပါ့မယ်။ ကိုယ့် Brand နဲ့ ကိုယ့် ကုမ္ပဏီထောင်မှာပေါ့နော်။ အခုချိန်မှာ သားလေးက ၁၁ လတောင် မပြည့်သေးဘူးဆိုတော့ ဖေဖေပြောသလိုပဲ သမီးက ဒီအရွယ်မှာ ပညာရှာရမယ့် အရွယ် ပညာရေးကို ပြီးအောင်သင်ယူမယ်။ ပြီးရင် သားလေးနဲ့ တစ်ဘဝလုံး အတူတူရှိနေရမှာ’’ လို့ သူကဆိုပါတယ်။

Photo : ယွန်းဝတီလွင်မိုး

၂၀၁၈ ခုနှစ် အောက်တိုဘာလထဲမှာ အသက် ၂၀ ပြည့်ခဲ့တဲ့ သရုပ်ဆောင်ယွန်းဝတီလွင်မိုး ဟာ ချစ်သူဖြစ်သူ မောင်ထက်ဦးလှိုင်နဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေး) မနက်ပိုင်းက MELIA Hotel Yangon မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာလိုင်း MELIA Hotel Yangon မှာပဲ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က