တွေ့ချင်လိုက်တာနော်။

ပရိသတ်တွေရဲ့ အချစ်တော် ယွန်းဝတီလွင်မိုးက  သားလေး Liam နဲ့အတူ မြန်မာနိုင်ငံကို  ပြန်ရောက်နေပြီလို့ သိရပါတယ်။



Photo : ယွန်းဝတီလွင်မိုး IG

 

ပရိသတ်တွေရဲ့ အချစ်တော် ယွန်းဝတီလွင်မိုးက  သားလေး Liam နဲ့အတူ မြန်မာနိုင်ငံကို  ပြန်ရောက်နေပြီလို့ သိရပါတယ်။ ယွန်းဝတီ လွင်မိုး ဟာ မြန်မာနိုင်ငံကို ပြန်လာတဲ့အကြောင်းကိုလည်း သူမရဲ့ ပရိသတ်တွေအတွက် အင်စတာဂရမ်ကနေ ယခုလို ပြောပြထားတာတွေ့ရပါတယ်။

"Home MM Traveling for over 10hours with a baby was exciting and scary for me but it went great" ဆိုပြီး စက်တင်ဘာ(၂၂) ရက်နေ့ သူမရဲ့ အင်စတာဂရမ်မှာ ရေးသားထားတာပါ။

Photo : ယွန်းဝတီလွင်မိုး IG

 

ယွန်းဝတီလွင်မိုးဟာ သြစတြေးလျကနေ မြန်မာနိုင်ငံကို (၁၀)နာရီကျော်ကြာ ေ လယာဉ်စီးခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ပြန်လာတဲ့ သူမကို လည်း ပရိသတ်တွေက ကောမန့်ကနေ ဝမ်းပမ်းတသာ ကြိုဆိုထားကြတာကိုလည်း တွေ့ရပါတယ်။ ယွန်းဝတီလွင်မိုးအနေနဲ့ သားလေး ကို သြစတြေးလျနိုင်ငံ ၊  မဲလ်ဘုန်းမြို့မှာရှိတဲ့ Saint Vincent ဆေးရုံမှာ သြဂုတ်လ(၇) ရက်နေ့ ညနေ(၅)နာရီလောက်က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

သားလေးကို ရိုးရိုးပဲ မွေးခဲ့တာ ဖြစ်ပြီး သားလေးမျက်နှာကို  ပထမဆုံး အကြိမ် မြင်လိုက်ရတဲ့အချိန်မှာ "သားလေးလောက် ဘယ်အရာမှ အရေး မကြီးတော့ဘူး"ဆိုတဲ့ စိတ်ခံစားချက်ကို ဖြစ်မိတယ်လို့ စက်တင်ဘာ(၂) ရက်နေ့က ပရိသတ်တစ်ယောက် မေးထားတဲ့ မေးခွန်းမှာ ဖြေဆိုပေး ထားတာတွေ့ရပါတယ်။

Photo : ယွန်းဝတီလွင်မိုး IG

မြေးဦးလေးမို့ အချစ်တွေ ပိုနေတဲ့ လွင်မိုး 

သားသားလေး ကိုယ်ဝန်ရှိနေပြီလို့ သိလိုက်ရတဲ့ အချိန်က (၄)ပတ်မြောက်မှာပါတဲ့။ သားလေးကို မွေးချိန်မှာ ၇ပေါင်နဲ့ (၅)အောင်စရှိတယ် လို့ဆိုပါတယ်။သားလေးက ဗိုက်ထဲမှာနေကတည်းက အရမ်းကန်တယ်ဆိုပြီး သားလေးကိုယ်ဝန်လွယ်ထားတုန်းကအကြောင်းလေးကို ပြောပြခဲ့ပါသေး တယ်။

သားလေးဟာ လက်ရှိမှာ ကျန်းကျန်းမာမာရှိသလို အရမ်းကိုလည်း ထွားတယ်လို့ ယွန်းဝတီလွင်မိုးလေးက ပြောပြခဲ့ပါသေးတယ်။ သားလေးကို ယခုလက်ရှိမှာ Liam လို့ပေးထားပြီး မြန်မာနာမည်ပေးဖို့ကိုလည်း စဉ်းစားနေတယ်လို့ ဆိုပါတယ်။

Photo : ယွန်းဝတီလွင်မိုး IG

 

Liam လေးရဲ့ ထူးခြားလေးတစ်ခုက အရမ်းအေးတဲ့ကလေးထဲမှာ ပါတယ်တဲ့။ သူဗိုက်ဆာတဲ့အချိန်၊ ဒိုက်ဘာ ညစ်ပတ်နေတဲ့အချိန်တွေသာ အသံထွက်တတ်ပြီး ကျန်တဲ့အချိန်တွေမှာဆို ပျော်နေတတ်တဲ့ ကလေးလေးဖြစ်တယ်ဆိုပြီး စက်တင်ဘာ(၂) ရက်နေ့က ပရိသတ်တစ်ယောက် ချင်းဆီရဲ့ မွေးခွန်းလေးတွေကို ယွန်းဝတီလွင်မိုးက စိတ်ရှည်စွာ ဖြေဆိုပေးထားပါတယ်။

ယွန်းဝတီ လွင်မိုးကတော့ မင်းသားကြီးလွင်မိုးနဲ့ ဒေါ်မေသူတို့ရဲ့  သမီးကြီးလေးဖြစ်သလို ဖခင်နဲ့ မိခင်တို့ရဲ့ ချောမောတဲ့ ရုပ်ရည်လေးကို အမွေဆက်ဆံထားသူ တစ်ဦးဆိုရင်လည်း မမှားပါဘူး။ယွန်းဝတီလွင်မိုးဟာ သရုပ်ဆောင် လွင်မိုးရဲ့သမီးဖြစ်ပြီး ကြော်ငြာအချို့မှာလည်း ပါဝင်ထားတဲ့သူမဟာ ချစ်ဖို့ကောင်းပြီး လှပတဲ့အတွက် ငယ်ငယ်ကတည်းက ပရိသတ်တွေရဲ့ မေတ္တာကို ရရှိထားသူလေးပဲ ဖြစ်ပါတယ်။

Photo : ယွန်းဝတီလွင်မိုး IG

 

၂၀၁၈ ခုနှစ် အောက်တိုဘာလထဲမှာ အသက် ၂၀ ပြည့်မယ့် ယွန်းဝတီလွင်မိုးဟာ ချစ်သူဖြစ်သူ မောင်ထက်ဦးလှိုင်နဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေး) မနက်ပိုင်းက MELIA Hotel Yangon မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာလိုင်း MELIA Hotel Yangon မှာပဲ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က