လက်ရှိမှာ ရုပ်ရှင်ကားကြီး အတူတူရိုက်ကူးနေပါတယ်။

ညီနန္ဒ ကတော့ သရုပ်ဆောင်ခင်လှိုင်က သူ့အတွက် ကျေးဇူးရှင်တစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ အကြောင်းတွေကို ရင်ဖွင့်ပြောပြလာပါတယ်။ လက်ရှိမှာလည်း ခင်လှိုင်နဲ့ အတူတူ ရုပ်ရှင်ကားကြီးရိုက်ကူးနေတာ တွေ့ရပါတယ်။

Photo: Khine Hlaing



သရုပ်ဆောင် ညီနန္ဒက လက်ရှိမှာ ခင်လှိုင်နဲ့ အတူ ချိုးရုပ် ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ခင်လှိုင်ဟာ သူ့အတွက် ကျေးဇူးရှင်တစ်ယောက်ဖြစ်တယ်လို့လည်း ရင်ဖွင့်ပြောပြထားပါတယ်။

‘’ဒီရုပ်ရှင်ဇာတ်ကားမှာ ကျွန်တော့်ကို သရုပ်ဆောင်ဖို့ကမ်းလှမ်းခဲ့တဲ့ (1994 ခုနှစ် ကျွန်တော်သရုပ်ဆောင် လောကကိုစရောက်ကတည်းက ကျွန်တော်နဲ့အတူသရုပ်ဆောင်ခဲ့တဲ့၊ ကျွန်တော့နာမည်အရင်း''စည်သူ''လို့ကျွန်တော့ကိုအမြဲခေါ်တဲ့) ကျွန်တော့အစ်ကိုကြီး ကျေးဇူးရှင် ဒါရိုက်တာ ''ကိုခင်လှိုင်'' ကို အထူး ကျေးဇူးတင်ဂါရဝပြု မှတ်တမ်းတင် ပါတယ်ခင်ဗျာ’’ လို့ ဧပြီလ ၂၅ ရက်နေ့ နေ့လယ် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: U Nyi Nanda

ချိုးရုပ် ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ခင်လှိုင်ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးပုံ ဖော်နေတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ညီနန္ဒ နဲ့ အတူ မြင့်မြတ်၊ အိချောပို၊ တိုင်ရွန်၊ ခင်လှိုင် ၊ ဂျိုကာ၊ စိုးမိုးကြည်၊ ရွှေပိုးအိမ် နဲ့ တခြား အနုပညာရှင်များစွာတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

‘’ကျွန်တော့်ရဲ့အနုပညာဒုတိယဘဝခရီးမှာ ဇာတ်ကောင်စရိုက်ပီပြင်စွာ လုပ်ခွင့်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ''ချိုးရုပ်''။ ဒီရုပ်ရှင်ဇာတ်ကားထဲမှာ ''အောင်ကြီး'' အဖြစ် အကောင်းဆုံးကြိုးစား သရုပ်ဆောင်နေပါတယ်’’ လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: U Nyi Nanda

ညီနန္ဒဟာ၂၀၁၇ ခုနှစ်က စပြီး အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ နေရယ်၊ လရယ်၊ အမှန်တရားရယ် ရုပ်သံ ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားသလို နောက်ထပ် နိုင်ငံတော်အကျိုးပြု ဇာတ်လမ်းတွေလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။

'' ဒီတစ်ခေါက် အနုပညာကိုပြန်လုပ်ခွင့်ရတာကိုက အရမ်းကို တန်ဖိုးလည်းထားတယ်။ သေသေချာချာလည်း လုပ်မယ်။ အကောင်းဆုံးဂရုစိုက် ပြီးတော့ လုပ်နေတဲ့အတွက် အခုချိန်ထိ အားပေးနေကြတဲ့ အစ်ကို့ ပရိသတ်တွေ ကို လေးစားပြီးတော့ လုံးဝစော်ကားမိတဲ့ အရာမျိုး မလုပ်မိ အောင် သေချာကြိုးစားသွားပါမယ်'' လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo: Khine Hlaing

ညီနန္ဒက အနုပညာလောကနဲ့ ဝေးကွာခဲ့တာ ၃ နှစ်ကျော် ကြာပြီလို့ သိရပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းက အနှစ် ၂၀ ကျော် ရပ်တည် လျှက် ရှိပါတယ်။ စီးပွားရေးဘက်ကို ပြောင်းတဲ့အချိန်မှာလည်း နားလည် တက်ကျွမ်းသူ မဟုတ်တဲ့အတွက် ဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ သူ့ရဲ့ ဝါသနာအရင်းခံအရ အနုပညာအလုပ်တွေ ဆက်လက်ဆောင်ရွက်နေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က