အနုပညာအလုပ်တွေထဲက တစ်ခုပါပဲ။

ကိုပေါက်ဟာ Line Walker 2 ရုပ်ရှင်ရိုက်ကွင်းက ပြည်ပဒါရိုက်တာတွေရဲ့ ရိုက်ပုံရိုက်နည်းတွေကို သွားရောက်လေ့လာဖြစ်တယ်လို့ ဆိုုပါတယ်။

ဒါရိုက်တာ ကိုပေါက်က ဒါရိုက်တာပညာနဲ့ ပတ်သက်ပြီး နေရာမရွေး၊ နိုင်ငံမရွေး ဝင်ရောက်လေ့လာဖြစ်တဲ့ သူပါ။ အခုလည်း ဟောင်ကောင် ဒါရိုက်တာတွေ၊ အနုပညာရှင်တွေ ရိုက်တဲ့ Line Walker 2 ရုပ်ရှင်ရိုက်ကွင်း တည်တဲ့ နေရာမှာလည်း ဘေးကနေ သွားရောက်လေ့လာဖြစ်တယ်လို့ ဆိုပါတယ်။



‘’မနေ့က ရွှေတိဂုံဘုရား အရှေ့ဘက်က Line walker ll ရိုက်ကွင်း။ တစ်နေကုန် လိုက်ကြည့်ပြီး မနေနိုင်တော့ လူရှင်းကူ။ တစ်နည်းအားဖြင့် ဝါသနာရှင်တွေအတွက် လက်တွေ့သင်တန်းပေးပြီး သရုပ်ပြနေတယ်လို့ မှတ်ပါတယ်။ ယူတတ်ရင်တော့ ရပါတယ်’’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၆ နာရီကျော်က ရေးသားခဲ့တာဖြစ်ပါတယ်။

ဒါရိုက်တာ ကိုပေါက် ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး သော်ဝန်းကြာဖြူ ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ '' အသည်းလေးတွေ ပေးပါ'' ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသနိုင်ဖို့ အခွင့်အရေးရပြီလို့ ဆိုပါတယ်။ ဒီဇာတ်ကားထဲမှာ ပရိသတ်ကို ပေးနိုင်မယ့် သင်ခန်းစာ အကြောင်းအရာတွေကိုလည်း ကိုပေါက်က အခုလို ပြောပြလာပါသေးတယ်။

''Facebook ကို အလွန်အမင်း over သုံးမိကြတဲ့ လူကြီးတွေ ဘာတွေဖြစ်ကြမလဲ။ အသည်းလေးတွေပေးပါလို့ တောင်းဆိုရင်း ဘယ်လိုတွေ ရီကြရမလဲ။ အိုပယ်စာရင်းဝင်သွားပြီလို့ ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ရင်း facebook ကို အဖော်တစ်ယောက်လိုသုံးရင်း သူတို့ ဘာဖြစ်မလဲ။ သဘာဝကျကျ အပြင်က တကယ့်အဖြစ်အပျက်တွေကို အခြေခံရင်း ရီစရာ မောစရာ လွမ်းစရာ ငိုစရာများနဲ့ ရုပ်ရှင်။ ပရိသတ်တွေကို အနှစ်တွေပဲပေးချင်တဲ့သူပါ။ ဆယ်လီလို အကြိုက်တွေ့အုံးမယ်ဆိုတာ အာမခံပါတယ်''လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။

သော်ဝန်းကြာဖြူရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ဆယ်လီ ရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။ ဆယ်လီရုပ်ရှင်ဇာတ်ကားထဲမှာ ဖေ့စ်ဘွတ်ကို စွဲစွဲလမ်းလမ်း အသုံးပြုတတ်တဲ့ ဆယ်ကျော်သက် ကျောင်းသူလေးတွေအတွက် ပညာပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားထဲမှာလည်း အနုပညာရှင်တွေရဲ့ သားသမီးတွေက အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ကိုပေါက်က အခုလက်ရှိမှာတော့ ဒါရိုက်တာ တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က