သူပါဝင်ရတဲ့ အခန်းကဏ္ဍတွေကိုလည်း ပြောပြလာပါတယ်။

Line Walker 2 ရုပ်ရှင်ကားကြီးမှာ ပါဝင်ခွင့်ရခဲ့တဲ့ အောင်မြင့်မြတ်က သူ့ရဲ့ ခံစားချက်တွေကို အခုလို ပြောပြထားပါတယ်။ သူ့ရဲ့ ချစ်သူလေး အိမီမီကိုကလည်း ဒီအတွက် ဂုဏ်ယူမဆုံးဖြစ်ခဲ့ရသူပါ။

Photo: အောင်မြင့်မြတ်



သရုပ်ဆောင် အောင်မြင့်မြတ်က Line Walker 2 ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့်ရလို့ ဝမ်းသာဂုဏ်ယူမဆုံး ဖြစ်လို့နေပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်ခဲ့ရတဲ့ ခံစားချက်ကိုလည်း အခုလို ရင်ဖွင့်ပြောပြလာပါတယ်။

‘’ Line Walker 2 ၂ရက်ပဲ ပါဝင်ရိုက်ကူးခွင့်ရခဲ့ပေမယ့် ဘာနဲ့မှလဲလို့မရအောင် ကျေနပ်တယ်။ အဖက်ဖက်က ကူညီပေးခဲ့ကြသူများအားလုံးကို တစ်ကယ်ကျေးဇူးတင်ပါတယ်။ အစိတ်အပိုင်းသေးသေးလေး ပါဝင်ခွင့်ရတာကိုပဲ ဂုဏ်ယူမဆုံးတာမျိုး’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၇ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: အောင်မြင့်မြတ်

အောင်မြင့်မြတ်က ကမ္ဘာကျော် အက်ရှင်ဇာတ်ကား တစ်ကားဖြစ်တဲ့ Line Walker 2 ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ အောင်မြင့်မြတ်ရဲ့ ဆန္ဒတွေ ဖြစ်မြောက်လာတဲ့အတွက် ဝမ်းသာပီတိဖြစ်မိတယ်လို့ ချစ်သူလေး အိမီမီကိုကDuwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 

‘’သူပါဝင်မယ့် အခန်းကဏ္ဍကို ရိုက်မယ့်နေ့မှ သိရမယ်ပေါ့နော်။ အစ်မလည်း သေသေချာချာ မသိရသေးပါဘူး။ သူက ဒီလိုမျိုးအတွေ့အကြုံလေးတွေ ရချင်နေတာ ကြာခဲ့ပြီပေါ့။ တခြားနိုင်ငံကို သွားဖို့ဆိုတာကလည်း မလွယ်ကူသေးဘူးလေ။ ဒီလိုမျိုးရွေးချယ်ခံရတယ်၊ သူလေ့လာချင်တဲ့ အပိုင်းတွေကို ထဲထဲဝင်ဝင် လေ့လာပြီး မြင်ရတွေ့ရမှာဖြစ်တဲ့အတွက် အရမ်းဝမ်းသာတယ်။ သူဖြစ်ချင်တာလေးတွေ ဖြစ်ခွင့်ရတဲ့အတွက် ဝမ်းသာမိတယ်’’ လို့ ဆိုပါတယ်။

Photo: Crab HL

Line Walker 2 ဇာတ်ကားကိုတော့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ စတင်ရိုက်ကူးနေပြီလို့ သိရပါတယ်။ ဒီဇာတ်ကားဟာ ကမ္ဘာကျော် ဟောင်ကောင် အက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး ဟောင်ကောင်နာမည်ကျော် သရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။ ဒီဇာတ်ကားမှာတော့ မြန်မာနိုင်ငံမှ အနုပညာရှင်တစ်ဦးအနေနဲ့ အောင်မြင့်မြတ်(Aung Myint Myat)က ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

အောင်မြင့်မြတ်ကိုတော့ ၂၀၁၈ ခုနှစ် အတွင်းက ရုံတင်ပြသခဲ့တဲ့‘’ဥပါတံမျဉ်’’ ရုပ်ရှင်ဇာတ်ကားကြီး ကနေ ပရိသတ်တွေ စတင်သိရှိလာခဲ့ပါတယ်။ ‘’ဥပါတံမျဉ်’’ဇာတ်ကားထဲမှာ "သိန်းစိုး" ဇာတ်ကောင်နေရာကနေ အောင်မြင့်မြတ်က ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က