ဘဝင်တောင် လေဟပ်သွားချင်ပါတယ်တဲ့။
Sabal Thwin

စိုင်းစိုင်းခမ်းလှိုင် လိုချင်တဲ့ ဖုန်းကို မုန့်ဖိုးစုပြီး ဝယ်ပေးမယ်လို့ပြောလာတဲ့ ပရိသတ်ကြောင့် အရမ်းကို ကြည်နူးနေမိတယ်လို့ စိုင်းစိုင်းက ပြောပါတယ်။ 

စိုင်းစိုင်းခမ်းလှိုင်ကတော့ သူအရမ်းလိုချင်နေတဲ့ ဖုန်းလေးကို ဝယ်ပေးမယ်လို့ပြောလာတဲ့ ပရိသတ်ကြောင့် အံ့သြခဲ့ရပါတယ်တဲ့။ ပရိသတ်တစ်ယောက်ရဲ့ စိတ်ရင်းစေတနာကို သိခွင့်ရခဲ့တာကြောင့်လည်း စိုင်းစိုင်းက ဝမ်းသာတဲ့အကြောင်းပြောလာပါတယ်။ 



"ကျွန်တော် SAMSUNG ကို ဖုန်းအသစ်ပူဆာတဲ့ Post လေးတင်လိုက်မိတယ်။ ဒီညီမလေးက မုန့်ဖိုးစုပြီးဝယ်ပေးမယ်တဲ့။ ကျွန်တော် တော်တော့်ကို ကြည်နူးမိပါတယ်။ ဘဝင်တောင် လေဟပ်သလိုဖြစ်သွားတယ်။ ဘဝမှာ လူဖြစ်ရကျိုးနပ်တယ်လို့ ခံစားရတဲ့အချိန်ဟာ။ ချစ်ခြင်းမေတ္တာနဲ့ ထိတွေ့ရတဲ့ အခိုက်အတန့်ပဲ ဖြစ်ပါတယ်" ဆိုပြီးတော့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ရေးသားထားတာ တွေ့ရပါတယ်။ 

စိုင်းစိုင်းခမ်းလှိုင်ဟာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က Samsung က အသစ်ထွက်တဲ့ ခေါက်ဖုန်းလေးကို အရမ်းလိုချင်မိတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာပါ။ ဒါကြောင့် သူ့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်တဲ့ ပရိသတ်တွေကလည်း Comment မှာ ခံစားချက်မျိုးစုံနဲ့ ရေးသားထားကြတာတွေ့ရပါတယ်။ Comment အများကြီးတွေထဲကမှ စိုင်းစိုင်းက သူ့ရဲ့ ရင်ထဲကို အထိဆုံး Comment လေးတစ်ကြောင်းကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ကတော့ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အချစ်တွေ အများကြီးကို ပိုင်ဆိုင်ထားသူဆိုရင်လည်း မမှားပါဘူး။ သူကတော့ လက်ရှိ ဂီတလောကမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ အဆိုတော် တစ်ယောက်ပါ။ လက်ရှိမှာတော့ စိုင်းစိုင်းခမ်းလှိုင်ဟာ Samsung ရဲ့ Brand Ambassador တစ်ယောက်ဖြစ်ပါတယ်။ 

စိုင်းစိုင်းခမ်းလှိုင်ဟာ ၁၈ နှစ်အရွယ်က တည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရသူပါ။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author

  • Sabal Thwin

    Entertainment Reporter


က္က