ဘယ်လိုလေးများ ဖြစ်မလဲ။

အပျိုကြီး အေးသောင်းက ချစ်သူများနေ့မှာ လက်ဆောင်ပေးဖို့ ခေါင်းခြောက်နေသူတွေအတွက် အကြံဉာဏ်လေး ပေးထားတာ တွေ့ရပါတယ်။ သူပေးထားတဲ့ အကြံဉာဏ်လေးက ဘယ်လိုဖြစ်မလဲ။ 

Photo : အေးသောင်း

ပရိသတ်တွေရဲ့ အချစ်တော် အပျိုကြီး အေးသောင်းက ချစ်သူများနေ့မှာ လက်ဆောင်ပေးဖို့ ခေါင်းခြောက်နေသူတွေအတွက် အကြံဉာဏ်လေး ပေးထားတာ တွေ့ရပါတယ်။ ဘာလက်ဆောင်လေးပဲ ပေးပေး ကတိသစ္စာလေးသာ ထည့်ပေး အဆင်ပြေပြီတဲ့။

ဘာလက်ဆောင်ပေးရမလဲလို့ ခေါင်းခြောက်နေပြီ မဟုတ်လား။ ဘာပဲပေးပေးရတယ် ကတိသစ္စာလေးသာ ထည့်ပေး အဆင်ပြေပြီ။ ကိုယ်ပေးရင်လည်း အဲ့ဒါလေးပါထည့်ပေး။ အို... မ မသိဘူး။” ဆိုပြီး ဖေဖော်ဝါရီ(၁၃) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

ပရိသတ်တွေက သူပေးတဲ့ အကြံဉာဏ်လေးကို သဘောကျနေကြတာ တွေ့ရပါတယ်။ အေးသောင်းဟာ သူ့ရဲ့ စိတ်ကူးထဲက အကြောင်းအရာလေးတွေကို မကြာခဏ စာသားအဖြစ် ချရေးတတ်ပါတယ်။ ဒါ့အပြင် တိုက်ဆိုင်မှုရှိတဲ့ စာသားတွေဆိုရင်လည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြန်ပြီး မျှဝေဖြစ်တယ်လို့လည်း အင်တာဗျူးတွေ ဖြေဆိုဖူးပါတယ်။

အချစ်ရေးအကြောင်းတွေ အမြဲတမ်း တင်ဖြစ်နေတဲ့ အေးဝတ်ရည်သောင်းက ချစ်သူရှိတယ်လို့ဝန်ခံထားပေမယ့် အခုချိန်ထိ သူ့ရဲ့ချစ်သူက ဘယ်သူဆိုတာကို ထုတ်ပြတာမျိုးတော့ မရှိသေးပါဘူး။ မအေးသောင်းရဲ့ ချစ်သူက သူ့ထက်လည်း ငယ်သလို မင်းသားတစ်ယောက်လည်း မဟုတ်ဘူးဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေလည်း ပြောပြခဲ့ဖူးပါတယ်။

Photo : အေးသောင်း

၁၀ စုနှစ်တစ်စုကျော် ပျောက်ကွယ်သွားခဲ့တဲ့ အေးဝတ်ရည်သောင်း(Aye Thaung) ဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။



က္က