စိတ်မကောင်းဖြစ်လို့နေပါတယ်။

ယွန်းယွန်းက ကလေးသရုပ်ဆောင်အဖြစ် ပထမဆုံးရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ကျော်ဟိန်းနဲ့ တွဲဖက်သရုပ်ဆောင် ထားတဲ့ အမှတ်တရတွေကို ပြောပြခဲ့တာပါ။

သရုပ်ဆောင် ယွန်းယွန်းက ကလေးသရုပ်ဆောင် စလုပ်ကတည်းက ဦးကျော်ဟိန်းနဲ့ တွဲပြီး ဇာတ်ကားတွေ ရိုက်ခဲ့ဖူးတဲ့ အမှတ်တရတွေ ရှိခဲ့ပါတယ်လို့ ဆိုပါတယ်။ သူမ အတွက် အနုပညာအစမှာ ဆရာတစ်ဦး ဖြစ်ခဲ့ဖူးတယ်လို့လည်း သူက ဆိုပါတယ်။ 



" ဘဝမှာ ပထမဦးဆုံး ၃နှစ် နဲ့ ၄လအရွယ်က ကလေးသရုပ်ဆောင်လုပ်ခဲ့တဲ့ ဇာတ်ကားမှာ ဦးကျော်ဟိန်းသမီးအငယ်ဆုံးလေးအနေနဲ့ရိုက်ခဲ့ရတယ်။ နှစ်ကားဆက်တိုက် ဦးကျော်ဟိန်းနဲ့ပဲ ။ On scene မှာ Acting သင်ပေးခဲ့တဲ့ လက်ဦးဆရာလို့ပြောလို့ရပါတယ်။ ကြီးလာမှမတွေ့ဖြစ်တော့ဘူး။ စိတ်မကောင်းလိုက်တာ.. Rest In Peace  " ဆိုပြီးတော့ ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၅ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Yoon Yoon

လက်ဦးဆရာတစ်ယောက်ဖြစ်တဲ့ ဦးကျော်ဟိန်းရဲ့ သတင်းကို ကြားကြားချင်းမှာလည်း အရမ်းကို စိတ်မကောင်းဖြစ်လို့နေပါတယ်။ ဦးကျော်ဟိန်းဟာ အနုပညာလောကထဲက အနုပညာရှင်တိုင်းရဲ့ အားကျရသူ တစ်ဦးဖြစ်သလို အားလုံးရဲ့ ဆရာတစ်ဦးဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် သူဆုံးပါးသွားချိန်မှာ အနုပညာသမားတွေ အားလုံး ဝမ်းနည်းကြေကွဲလို့ နေကြတာဖြစ်ပြီး အဲ့ဒီအထဲမှာလည်း သရုပ်ဆောင် ယွန်းယွန်းလည်း အပါအဝင်ဖြစ်ပါတယ်။းယွန်းဟာ ၂၀၀၆ ခုနှစ်ကတည်းကစလို့ အနုပညာအလုပ်တွေ စတင်လုပ်ဆောင်နေခဲ့ တာဖြစ်ပါတယ်။ သူမဟာ ကလေး သရုပ်ဆောင် တစ်ယောက်အဖြစ် "တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ" ရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင် နဝရတ်ရဲ့ ငယ်ဘဝ အဖြစ်ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားနဲ့ပဲ သူမဟာ ပထမဆုံးအကြိမ် အကောင်းဆုံး ကလေးသရုပ်ဆောင် အကယ်ဒမီ ထူးချွန်ဆုကို ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ 


Photo: Yoon Yoon

သူမက ကလေးသရုပ်ဆောင် အဖြစ် " စေတန်ရဲ့ ကချေသည်" ၊ " ကျွန်မက နှင်းဆီပါမောင်" ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီ ဆန်ခါတင်စာရင်း ဝင်ခဲ့ဖူးပါတယ်။ ယွန်းယွန်းဟာ အသက် ၃ နှစ်နဲ့ ၄လ အရွယ်ကနေ အသက် ၁၅ နှစ်ဝန်းကျင်အထိ ရုပ်ရှင်ဇာတ်ကားပေါင်း (၁၀၀) ကျော်ရိုက်ကူးခဲ့ရသူ တစ်ယောက်ပါ။ တီဗီကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင် ခဲ့ပါသေးတယ်။ ယွန်းယွန်းဟာ ၂၀၁၅ ခုနှစ်က စလို့ တက္ကသိုလ်ဝင်တန်း တက်ရောက်နေရတဲ့ အချိန်တုန်းက ပညာရေးအတွက် အနုပညာ အလုပ်တွေ ခဏတာ ရပ်နားထားခဲ့တာကို တွေ့ရပါတယ်။ 

၂၀၁၇ ခုနှစ်မှာတော့ " မနေ့က ဖြစ်သည်" ဆိုတဲ့ MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲကနေတဆင့် အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်လာတာ တွေ့ရပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှာတော့ မြဝတီရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ " ရွှေမင်းသမီးနဲ့ လူလိမ်" ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲထဲမှာလည်း ပါဝင်သရုပ်ဆောင် ထားတာ တွေ့ရပါတယ်။ အခုချိန်မှာတော့ ယွန်းယွန်းဟာ ကြော်ငြာတွေ ဆက်တိုက်ရိုက်ကူးနေရသူ ဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က