လက်စည်းလည်း ဖြုတ်လိုက်ရပြီတဲ့။

ဖွေးဖွေးတစ်ယောက် ကားအက်ဆီးဒင့် ဖြစ်တုန်းက ရခဲ့တဲ့ဒဏ်ရာ သက်သာလာလို့ ပျော်နေပါတယ်။ လက်ကို သိုင်းထားတဲ့ကြိုးလည်း ဖြုတ်လိုက်ရပြီဖြစ်သလို ခွဲစိတ်ထားတဲ့ လက်ကလည်း မြှောက်လို့ရပြီလို့ ဆိုပါတယ်။

 

Photo : ဖွေးဖွေး Storie



ဖွေးဖွေး ကားအက်ဆီးဒင့် ဖြစ်တုန်းက ခွဲစိတ်ထားရတဲ့ ဒဏ်ရာက တော်တော့်ကို သက်သာလာပြီလို့ ဆိုပါတယ်။ လက်ကိုသိုင်းထားတဲ့ ကြိုးလည်း ဖြုတ်လိုက်ရပြီ ဖြစ်သလို လက်လည်း မြှောက်လို့ရသွားပြီလို့ သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ် Stories မှာ ပြောထားတာတွေ့ရပါတယ်။ သူမဒဏ်ရာသက်သာလာလို့ ပရိသတ်တွေလည်း ဝမ်းသာနေကြပါတယ်။

Photo : ဖွေးဖွေး

ဖွေးဖွေးက လက်ရှိမှာ အိမ်မှာပဲ အနားယူနေပြီး မိသားစုနဲ့အတူ အလှူတွေ လုပ်ဖြစ်နေတာ တွေ့ရပါတယ်။ ဧပြီ(၂၀) ရက်နေ့ကလည်း ဝါးတန်းဆိပ်ကမ်းက ကုန်ထမ်းမောင်များအတွက် ထမင်းနဲ့ဟင်းတွေ လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

"ညနေစာပဲမှီတော့မယ် ..လှူမို့ ဝါးတန်းဆိပ်ကမ်းက ကုန်ထမ်းမောင်များ သို့ အိမ်ချက်ကြက်သားဟင်း+ထမင်း ဖွေးတို့ Family donation လေးပါပဲ.. No plastic boxဒီခါစက္ကူဘူးပဲ... ကိုယ်တိုင်တော့ မလိုက်တော့ဘူးနော်..(ဆရာဝန်သွားပြရမှာမို့) ခုလွှတ်လိုက်ပါ့ပြီလို့" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဧပြီ(၂၀) ရက်နေ့က ရေးသားထားပါတယ်။

Photo : ဖွေးဖွေး

ဖွေးဖွေးက ကားအက်ဆီးဒင့် ဒဏ်ရာကြောင့် ရိုက်ကူးရေးတွေ နားထားပေမဲ့လည်း ပွဲလေးတွေတော့ တက်ဖြစ်နေတာတွေ့ရပါတယ်။ ဖွေးဖွေးဟာ ဂီတကိုဝါသနာပါသူတစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူပါ။ သူမကိုတော့တီဗီကြော်ငြာတွေကနေတဆင့်လူသိများခဲ့ကြတာဖြစ်ပါတယ်။ သူများနဲ့ မတူတဲ့ ဖက်ရှင်အပြင်အဆင်တွေကြောင့်လည်း ပိုသတိထားမိစေခဲ့ပါတယ်။

Photo : ဖွေးဖွေး

ဖွေဖွေးက ဗီဒီယိုဇာတ်ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ ဖွေးဖွေးဟာ ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က