သူမရဲ့ အချစ်ရေးအကြောင်းတွေကို ပြောပြထားပါတယ်။

ပရိသတ်အချစ်တော် မင်းသမီးချောလေး အေးမြတ်သူကတော့ သူမရဲ့ အချစ်မှာ ပထမဆုံးလူထက် နောက်ဆုံး လူတစ်ယောက်ဖြစ်ချင်တဲ့ သဘောထားကို အခုလို ပြောပြထားပါတယ်။ 

Photo: Amazing Grace



သရုပ်ဆောင် အေးမြတ်သူကတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး သူမရဲ့ ခံယူချက်နဲ့ တိုက်ဆိုင်တဲ့ စာသားလေးကို ဝေမျှ လာပါတယ်။ ဒီစာသားလေးဟာ သူမလက်ထပ်ရမယ့် သူကို ရည်ရွယ်ထားတဲ့ စာသားလေး ဖြစ်တယ်လို့ သူကဆိုပါတယ်။ 

" မင်းရဲ့ပထမဆုံးလူလဲမဖြစ်ခဲ့ဘူး။ မင်းရဲ့အချစ်ဦးလဲမဖြစ်ခဲ့ဘူး။ ဒါပေမယ့် မင်းနဲ့အတူ ဘဝတစ်လျှောက်လုံး ကုန်ဆုံးသွားမယ့် မင်းရဲ့နောက်ဆုံးလူတော့ဖြစ်ချင်တယ်....#crd ကိုယ်လက်ထပ်မယ့် သစ္စာရှိသောအမျိုးကောင်းသားတစ်ယောက်ကိုရည်ရွယ်ပါသည်။ #ဘယ်သူလည်းသိတယ်ဟုတ်" ဆိုပြီးတော့ မေလ (၂၈) ရက်နေ့ ညနေပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Aye Myat Thu

လက်ရှိပိုင်ဆိုင်ထားတဲ့ အချစ်ရေး အကြောင်းကိုလည်း အေးမြတ်သူက Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူမအတွက် တန်ဖိုးထားရတဲ့ လူတစ်ယောက်ဖြစ်တဲ့အကြောင်းပြောပြခဲ့ပါသေးတယ်။ 

“အချစ်ရေးကတော့ အရမ်းအေးချမ်းသွားပြီ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့တည်ဆောက် ကြမယ်။ တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်က ဘယ်လိုကူညီပေးမလဲဆိုပြီးတော့ အပြန်အလှန် Sharing လုပ်ရင်းနဲ့ ရင်ဆိုင်ဖြေရှင်းကြမယ်။ အဲဒါက အေးမြတ်သူအတွက်အချစ်ပဲ။ ဘဝတိုက်ပွဲကို တိုက်ရမယ်။ ဘဝမှာ ကိုယ်နဲ့အတူ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲတဲ့သူမျိုးကိုပဲ တန်ဖိုးထားတယ်” လို့ သူကဆိုပါတယ်။ 

Photo: Amazing Grace

အေးမြတ်သူ(Aye Myat Thu)ဟာ အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေတဲ့ သရုပ်ဆောင်ဖြစ်ပြီး အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က