နှာတံလေးကို ဆင်းနေတာပဲ။

မြင့်မြတ်ရဲ့ သားလေးက လူ့လောကထဲကို ရောက်ရှိလို့ လာပါပြီ။ သားလေးကို ဒီနေ့မနက်(၉)နာရီ(၁၅)မိနစ်က ရန်ကုန်မြို့ ဝိတိုရိယ ဆေးရုံမှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မွေးနေ့ချင်းတူတဲ့ သားလေးကို ပိုင်ဆိုင်ခွင့်ရတဲ့ မြင့်မြတ်တစ် ယောက် တော်တော့်ကို ပျော်လို့နေပါတယ်။



Photo : ကိုပေါက် FB

 

သရုပ်ဆောင် မြင့်မြတ်ရဲ့ သားလေးက ဒီနေ့(သြဂုတ်လ၇ရက်)မှာ လူ့လောကထဲကို ရောက်ရှိလို့လာပါပြီ။ သားလေးကို ဒီနေ့မနက် (၉)နာရီ(၁၅)မိနစ်က ရန်ကုန်မြို့ ဝီတိုရိယ ဆေးရုံမှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါပြီ။သားလေးက (၅)ပေါင်နဲ့(၈)အောင်စရှိတယ်တဲ့။ မြင့်မြတ်ဟာ သားလေးကို သူ့နဲ့ မွေးနေ့ချင်းတူအောင်လို့ ဇနီးဖြစ်သူကို ဗိုက်ခွဲမွေးစေခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ သားလေးကော မိခင်ပါ ကျန်းမာရေးကောင်းတယ်လို့ သိရပါတယ်။

Photo : ကိုပေါက် FB

 

မြင့်မြတ်တစ်ယောက် သူ့ရဲ့ မွေးနေ့မှာ သူအလိုချင်ဆုံးမွေးနေ့လက်ဆောင်ကို ရလို့ တော်တော့်ကို ပျော်နေပါပြီ။သူ့ဘဝထဲရောက်ရှိလာတဲ့ သားလေးရဲ့ ပုံကိုလည်း တတ်တူးထိုးဖို့ စဉ်းစားထားတယ်လို့ ဆိုပါတယ်။သားလေးပုံကို တက်တူးထိုးဖို့ကိုလည်း ညာဘက်ချိုင်းအောက်မှာ ထိုးဖို့ နေရာချန်ထားတယ်လို့ မြင့်မြတ်က ဆိုပါတယ်။မြင့်မြတ်ဟာ အချိန်ရရင် ရသလို ဇနီးဖြစ်သူနဲ့ သားလေးရဲ့ ရှေ့ရေးလေးတွေ တိုင်ပင်ဖြစ်တယ်တဲ့။

သူ့ကို ဘယ်လိုဖြစ်ဖြစ် အားပေးနေကြတဲ့ ပရိသတ်ကိုလည်း သူ့ရဲ့ သားလေးကို ချစ်ပေးဖို့ တောင်းဆိုထားပါသေးတယ်။

Photo : ကိုပေါက် FB

သားလေးမွေးလာရင်လည်း ဝိုင်းချစ်ပေးကြပါဦးလို့ ဆိုလာတဲ့ မြင့်မြတ် 

"ကလေးရှေ့ရဲ့ ရှေ့ရေးနဲ့ ပတ်သက်ပြီး အချိန်ရရင် ရသလို တိုင်ပင်ဖြစ်ကြတယ်။အကောင်းဆုံးဖြစ်အောင်ပေ့ါ။ ကံကောင်းတာ လား ဘာလား တော့မသိဘူး။ သူကျွန်တော်တို့ ဘဝထဲရောက်လာပြီဆိုရင် ကိုယ်ဖြစ်ချင်တာထက် သူဘာဖြစ်ချင်လဲ ဆိုတဲ့အပေါ်မှာ အကောင်း ဆုံးဖြစ် အောင်လုပ်ပေးသွားမှာပါ။ကျွန်တော်မိန်းမယူလည်း ကျွန်တော့်မိန်းမကို အားလုံးဝိုင်းချစ်ပေးကြတယ်။ ခင်ကြတယ်။ အခုကျွန် တော့် သား လေးကိုလည်း ဝိုင်းပြီးချစ်ပေးခင်ပေးကြ ပါဦးလို့ ပြောချင်ပါတယ်" ဆိုပြီး Duwun Media ရဲ့ ယခင်က အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo : ကိုပေါက် FB

 

သြဂုတ်လ(၇) ရက်နေ့မှာ ကျရောက်မယ့် မြင့်မြတ်ရဲ့  မွေးနေ့အတွက်ကိုလည်း သူ့ရဲ့ Fan တွေက သြဂုတ်လ(၆) ရက်နေ့ မနက်က နေတိုးရဲ့ Story Book Studio မှာ မွေးနေ့အကြိုပွဲလေး ပြုလုပ်ပေးခဲ့ပါသေးတယ်။

မြင့်မြတ်ကတော့ ချစ်သူကောင်မလေးဖြစ်တဲ့ ခင်သူအောင်နဲ့ ချစ်သူသက်တမ်း ငါးနှစ်ကျော်မှာ ရွှေလက်တွဲခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာဧည့်ခံပွဲ ကို ဖေဖော်ဝါရီ(၁၅) ရက်နေ့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၂၂)ရက်နေ့ညနေက အောင်မြေသာ ဇံမြို့နယ်၊ ၈၅×၈၆လမ်းကြား၊ ၁၀×၁၁ကြားရှိ ဗုဒ္ဓဘာသာမင်းတဲ့စာသင်ကျောင်းမှာ မင်္ဂလာပွဲကို ဆက်လက်ကျင်းပခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က