အသက် ၅၆ နှစ်ရှိပါပြီတဲ့။

လူကြမ်းသရုပ်ဆောင် မင်းစိန်ဟာ ဇန်နဝါရီလ ၅ ရက်နေ့ (ဒီနေ့) မနက်အစောပိုင်းက ကွယ်လွန်သွားပြီလို့ သိရပါတယ်. သူ့အတွက်ကိုလည်း အနုပညာရှင်တွေ ကရော ပရိသတ်တွေကပါ စိတ်မကောင်းဖြစ်လို့ နေပါတယ်.

Photo: Min Sein

လူကြမ်း သရုပ်ဆောင် ဦးမင်းစိန် ဟာ ဇန်နဝါရီလ ၅ ရက်နေ့ မနက် ၂ နာရီခွဲက ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်. သူ့အတွက်ကိုလည်း အနုပညာရှင်အသိုင်းအဝိုင်းက သရုပ်ဆောင်တွေကလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်. အဲ့ဒီအတွက် သရုပ်ဆောင် အိုင်းရင်းလေပြည်ဦးကလည်း စိတ်မကောင်းဖြစ်တဲ့ အကြောင်းကို အခုလို ရင်ဖွင့်ပြောပြထားပါတယ်.

'' ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဦးမင်းစိန် အသက် (၅၆) နှစ် သည် ၅.၁.၂၀၁၉ ရက်နေ့ မနက်၂:၃၀ အချိန်ရန်ကုန်ဆေးရုံ ကြီး၌ ရုတ်တရက်ကွယ်လွန်သွားပါသည်.ဦးမင်းစိန် ကောင်းရာသုဂတိဘုံသို့ရောက်ရှိပါစေလို့ဆုတောင်းပေးပါတယ်'' ဆိုပြီးတော့ သရုပ်ဆောင် အိုင်းရင်းလေပြည်ဦးရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဇန်နဝါရီလ ၅ ရက်နေ့ မနက် ၈ နာရီခွဲက ရေးသားခဲ့ပါတယ်.

Photo: Min Sein

ဦးမင်းစိန် ဟာ ရုပ်ရှင်ဇာတ်ကား အဖြူအမဲ ခေတ်ကတည်းက လူကြမ်း သရုပ်ဆောင် တစ်ဦးအဖြစ် အနုပညာအလုပ်တွေ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်. သူ့ကို တော့ လူကြမ်း ကာရိုက်တာ. လူယုတ်မာ ကာရိုက်တာ. လူလိမ် ကာရိုက်တာ တွေနဲ့ ပရိသတ် သိခဲ့ကြတာဖြစ်ပြီး ဒီလို ကာရိုက်တာတွေနဲ့ပဲ ပရိသတ်တွေရဲ့ အမုန်းကို ခံယူ ခဲ့ရသူ တစ်ဦးဖြစ်ပါတယ်.



Photo: Min Sein

ဦးမင်းစိန်ဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အထိ အနုပညာအလုပ်တွေလုပ်ခဲ့တာ တွေ့ရပါတယ်. သူ့မှာတော့ ချစ်ရတဲ့ ဇနီးနဲ့ တစ်ဦးတည်းသော သမီးလေး တစ်ယောက်ရှိပါတယ်. ဦးမင်းစိန် အတွက်ကိုလည်း ပရိသတ်တွေက စိတ်မကောင်းဖြစ်လို့ နေပါတယ်.

Share

Loading Next Article...
က္က