ကျန်းမာရေး ထောက်ပံ့ငွေလည်း လှူဒါန်းခဲ့တာ တွေ့ရပါတယ်။

ပရဟိတအလုပ်နဲ့ပတ်သက်လာရင် လက်မနှေးသူလေး ခင်သဇင်ကတော့ စားဝတ်နေရေးအခက်အခဲကြုံနေရတဲ့ လူကြမ်းသရုပ်ဆောင်ကြီး ဦးတင်မြင့်ကို ကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ 

Photo: Khin Thazin



ခင်သဇင်ကတော့ ဝါရင့်လူကြမ်းသရုပ်ဆောင်ကြီး ဦးတင်မြင့်နေထိုင်ရာ လှိုင်သာယာမြို့နယ်ကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ ဦးတင်မြင့်ရဲ့ ကျန်းမာရေးအခြေအနေကိုလည်း သိခွင့်ရခဲ့တယ်လို့ သူကဆိုပါတယ်။ 

"ကိုယ်နဲ့လည်း ကားရိုက် တစ်ခါမှ မဆုံဘူးတော့ ခင်သဇင်လို့ သိ နေလိမ့်မယ်လည်း မထင်ထားပါဘူး။ ဒါပေမယ့် အိမ်ထဲ ဝင်ဝင်ချင်း ခင်သဇင်လား ဆိုပြီး ဝမ်းသာ အားရ ကြိုတော့ စိတ်ထဲ ဝမ်းသာမိပါတယ်။ မီဒီယာတွေ မပါဘူးလားတဲ့ တန်းပြီး မေးရှာပါတယ်။ အဘရယ် အေးအေးလူလူလေး လူနာ သတင်းမေး လေး လာတာပါလို့ ဆိုတော့ ...ဟုတ်တယ် ..... ဟိုတစ်နေ့က သူ့အိမ်လေး ပေါ် သူ့ ရပ်ကွက်ထဲက လူတွေ တိုးကြိပ်ပြီး တက်တော့ အိမ်လေး နောက်ဖေး ပြိုသွားတယ်တဲ့။ ဒါပေမယ့် အဲလိုတွေ လာတော့ သူအရမ်းအားရှိပြီး ပျော်ရတယ်တဲ့။ ပဌာန်းကို နေ့စဉ်ရွတ်ခဲ့ရတဲ့ အကျိုးပါလို့ အဘက ဆိုပြန်သေးတယ်" ဆိုပြီးတော့ သြဂုတ်လ (၂၀)ရက်နေ့ညက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Khin Thazin

လူကြမ်းသရုပ်ဆောင်ကြီး ဦးတင်မြင့်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ စားဝတ်နေရေးအတွက် သရုပ်ဆောင် ဘေဘီမောင်က အလှူငွေသွားရောက် လှူဒါန်းရာမှစလို့ နောက်ထပ် အနုပညာရှင်တွေကလည်း သွားရောက်လှူဒါန်းခဲ့ကြတာ တွေ့ရပါတယ်။ 

ဒီအနုပညာရှင်တွေထဲမှာမှ သရုပ်ဆောင် ခင်သဇင်ကလည်း ဦးတင်မြင့်နဲ့ ကိုယ်တိုင်ဆုံတွေ့ခဲ့ရတဲ့ အချိန်မှာ စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

" သူအခု cele ပြန်ဖြစ်ပြီ ပေါ့နော် ဆိုပြီး အရွှမ်းဖောက် နေပေမယ့် အဘရဲ့ မျက်လုံးထဲက ဝမ်းနည်း နေတဲ့ အရိပ်ယောင် တချို့ကို ခင်သဇင် လှစ်ခနဲ မြင်မိတော့ ဘာမှန်း မသိတဲ့ ကံကြမ္မာကို သက်ပြင်းတချက်ချမိရင်း အဘနဲ့အတူ လိုက်ပါ ရယ်မောဖြစ်ခဲ့ပါတယ်။ ဘဝဆိုတာ... တိုတောင်းမလိုနဲ့ ရှည်လျားခက်ခဲ လွန်းတယ်နော် အဘ။ ဘာတွေပဲ တွေ့ကြုံနေရပါစေ အဘဒီထပ်ပိုပြီး ကျန်းမာကြံ့ခိုင်တဲ့ အနုပညာသမား တစ်ယောက် အဖြစ် ဆက်လက် တည်ရှိပေးနေပါလို့ ဆုတောင်းပေးနေပါ့မယ်။ ပါဝင်သူ လှူဒါန်းသူ အလှူရှင်များကို နတ်လူ သာဓု ခေါ်ဆိုပါတယ်ရှင်"လို့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: Khin Thazin

ခင်သဇင်ကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူ တစ်ဦးဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းက နာဂဒေသမှာရှိတဲ့ နာဂတိုင်းရင်းသားတွေအတွက် ဆေးဝါးကုသိုလ်အလှူ လုပ်ခဲ့တာဖြစ်သလို ကွယ်လွန်သွားပြီဖြစ်တဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း ထာဝရ အလှူရှင်တစ်ဦးအဖြစ် တာဝန်ယူ စောင့်ရှောက်ပေးခဲ့တာဖြစ်ပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီးတော့လည်း ရုပ်ရှင်ဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးထားတာကိုလည်း တွေ့ရပါတယ်။ သူမဟာ အနုပညာအလုပ်မှာသာ မက ပညာရေးအပိုင်းနဲ့ပတ်သက်ပြီး စီးပွားရေးပါရဂူ ဒေါက်တာဘွဲ့ ယူဖို့လည်း စာကြိုးစားနေတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က