''သတိအန္တရာယ်ရှိသည်'' အဖွဲ့သားတွေလည်း ပါဝင်ခဲ့ကြပါတယ်။
Sabal Thwin

‘’သတိအန္တရာယ်ရှိသည်’’ရုပ်ရှင်ဇာတ်ကား အဖွဲ့သားတွေက လူကြမ်းသရုပ်ဆောင်ကြီးများအတွက် ဆန်၊ ဆီ၊ ဆားနဲ့ ငွေကြေးတချို့ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Photo: Yone Lay

ယုန်လေးက ‘’သတိအန္တရာယ်ရှိသည်’’ ရုပ်ရှင်ဇာတ်ကားကြီးကနေ ရရှိလာတဲ့ ငွေကြေးတွေကို အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ လူကြမ်း သရုပ်ဆောင်ကြီးများအတွက် အလှူအတန်းတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အားပေးတဲ့ ပရိသတ်တွေကိုလည်း ကုသိုလ်ရစေချင်တဲ့အကြောင်းပြောလာပါတယ်။

‘’မနေ့က ကျွန်တော်တို့ သတိအန္တရာယ်ရှိသည် အဖွဲ့သားများ ကျွန်တော်တို့ချစ်တဲ့ လူကြမ်းမင်းသားကြီးများ နှင့် ကိုလူချောများအားလုံးကို ဆန် ဆီ ငွေသား များနှင့် ကန်တော့ဖြစ်ပါတယ်။ အရမ်းပီတိ ဖြစ်ပါတယ်။ ကျွန်တော် ရုပ်ရှင်တွေရုံတင်ပြီးတိုင်း ဒီအစီစဉ်လေး တစ်ခုထည့်ပြီး လုပ်ဆောင်ပါမည်။ ကတိပေးပါသည်။ ပရိတ်သတ်တွေ ကျွန်တော်တို့ကို ပေးဆပ်ခဲ့တဲ့ အရာမှန်သမျှ အမြဲတန်းအတွက် အလကားမဖြစ်စေ ရပါဘူး’’ ဆိုပြီးတော့ ဇူလိုင်လ ၅ ရက်နေ့ ညနေ ၃ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Yone Lay

အဲဒီနောက် ကန်တော့ခံ လူကြမ်းမင်းသားကြီးများနဲ့ အလှူလုပ်ခဲ့တဲ့ အမှတ်တရ ဓာတ်ပုံတွေကိုလည်း သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာတွေ့ရပါတယ်။ ‘’သတိအန္တရာယ်ရှိသည်’’ရုပ်ရှင်ဇာတ်ကားကြီးကို အားပေးကြည့်ရှုခဲ့ကြတဲ့ ပရိသတ်တွေကလည်း Comment ကနေတဆင့် သာဓု ၃ ကြိမ်ခေါ်ဆိုခဲ့ကြပါတယ်။

Photo: Yone Lay

‘’သတိ အန္တရာယ်ရှိသည်’’ရုပ်ရှင်ဇာတ်ကားကြီးကို ဇွန်လ ၂၀ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ယုန်လေးကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတာပါ။ အဓိက ဇာတ်ဆောင်တွေအနေနဲ့ မြင့်မြတ်၊ ယုန်လေး၊ အောင်လေး၊ တိုင်ရွန်၊ ဘိုချမ်းနဲ့ ခင်ဝင့်ဝါ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာပါ။

Photo: Yone Lay

ယုန်လေးက လက်ရှိမှာ လူငယ်အကြိုက် အမိုက်စား အက်ရှင်ဇာတ်ကားတွေကို ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးနေတာဖြစ်ပါတယ်။ လက်ရှိမှာလည်း သူကိုယ်တိုင်ရိုက်ကူးထားတဲ့ ‘’သတိ အန္တရာယ်ရှိသည်’’ရုပ်ရှင်ဇာတ်ကားကြီးက ရုံတင်ပြသနေတာပါ။ သူဟာ Original Gangster 1 ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးခဲ့တာက စပြီး ပရိသတ်တွေနဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုနေရာ တစ်နေရာကို ရရှိလာခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က