ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေးဖြစ်ခဲ့ပါတယ်တဲ့။

ပရိသတ်အချစ်တော် ခိုင်သင်းကြည်က လက်ရှိမှာ မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ခရီးတွေထွက်လို့နေပါတယ်။ အခုလည်း ဆလုံကျွန်းက အမှတ်တရလေးတွေကို ပြောပြခဲ့ပြန်ပါတယ်။

Photo: ခိုင်သင်းကြည်



ခိုင်သင်းကြည်တို့ မိသားစုဟာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစုတွေထဲကမှ ဆလုံကျွန်းကို အလည်အပတ်ရောက်ရှိနေကြပါတယ်။ ကျွန်းသူ၊ ကျွန်းသားတွေအတွက် အသင့်စား အစားအစာတွေလည်း လှူဒါန်းခဲ့ပါသေးတယ်တဲ့။

‘’ဆလုံကျွန်းမှာ ကျွန်းသူကျွန်းသားတွေနဲ့အတူဓါတ်ဖမ်း (ဒီတစ်ခါတော့ ကိုယ်ကတွဲရိုက်ချင်လို့ပြန်ခွင့်တောင်းရတာပေါ့။) ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်နဲ့မုန့်လှူ သူတို့တွေလည်း ပျော်ကိုယ်လဲပျော်။ အခုလိုရာသီဥတုမှာတော့ သူတို့လိုစတိုင်က အမိုက်ဆုံးဘဲလေ’’ ဆိုပြီးတော့ အမှတ်တရ ဓာတ်ပုံတွေတင်ရင်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဧပြီလ ၂၂ ရက်နေ့ ညနေ ၃ နာရီ ၅၁ မိနစ်က ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: ခိုင်သင်းကြည်

သူတို့မိသားစုလေးဟာ မကြာခဏဆိုသလို ပျော်ပျော်ပါးပါး ခရီးတွေ ထွက်နေတာကို တွေ့ရပါတယ်။ ၂၀၁၉ သင်္ကြန်ရက်အတွင်းမှာလည်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကို အလည်အပတ်ထွက်ခဲ့ပါသေးတယ်။ ပျော်စရာ အမှတ်တရတွေပြည့်နေတဲ့ ခရီးလေးတွေရဲ့ အမှတ်တရ ဓာတ်ပုံတွေကိုလည်း ခိုင်သင်းကြည်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်လေ့ရှိပါတယ်။

Photo: ခိုင်သင်းကြည်

သရုပ်ဆောင်အကယ်ဒမီ ခိုင်သင်းကြည်နဲ့ ချစ်ရတဲ့ခင်ပွန်း ကိုခန့်နိုင်တို့မှာ အသက် ၁၆ နှစ်အရွယ် ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသော သမီးလေး စံထိပ်ထားဦးတို့ကို ပိုင်ဆိုင်ထားပါတယ်။ စံထိပ်ထားဦးက လက်ရှိမှာ မေမေ ခိုင်သင်းကြည်နဲ့ဖြစ်စေ၊ တစ်ယောက်တည်းဖြစ်စေ တီဗီကြော်ငြာတွေရိုက်ကူးနေတာတွေ့ရပါတယ်။ ဒါပေမယ့် ခိုင်သင်းကြည်ကတော့ သမီးလေးကို ပညာရေးကိုသာ ဦးစားပေးစေချင်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။



Photo: ခိုင်သင်းကြည်

ခိုင်သင်းကြည်ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီ့ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။၂၀၁၃ခုနှစ်က စုန်းပြူး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ ကောင်းကျိုးကိုယ်၌တည်စေမင်း ရုပ်ရှင်ဇာတ်ကား နဲ့ ကောင်းဆုံးအမျိုး သမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က