ရိုက်ကူးလို့ ပြီးသွားပြီလို့ သိရပါတယ်။

အဖွဲ့သားတွေ အားလုံး စည်းစည်းရုံးရုံးနဲ့ ကြိုးစားရိုက်ကူးခဲ့တဲ့ လူးလူးစိန် ဇာတ်လမ်းတွဲကြီးကတော့ ရိုက်ကူးလို့ ပြီးသွားပါပြီ။ ဒီဇာတ်လမ်းတွဲလေး လွှင့်ရင်လည်း အားပေးပါဦးလို့ စိုးပြည့်က ပြောထားပါတယ်။


Photo : စိုးပြည့်သဇင်

စိုးပြည့်သဇင် ပါဝင်ရိုုက်ကူးနေတဲ့ “လူးလူးစိန်” ဇာတ်လမ်းတွဲကြီးကတော့ ရိုက်ကူးလို့ ပြီးဆုံးသွားပြီဖြစ်ပါတယ်။ အဖွဲ့သားတွေ အားလုံး စည်းစည်းရုံးရုံးနဲ့ကြိုးကြိုးစားစား ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ အမှတ်တရတွေလည်း အများကြီး ရှိခဲ့တယ်လို့ သူမက ဆိုပါတယ်။

လူူးလူးစိန်...ဇာတ်လမ်းတွဲကြီးပြီးသွားခဲ့ပြီပေါ့နော်...၃လခွဲကြာအောင်ရိုက်ကူးခဲ့ကြတယ်.....အားလုံးကလည်းစည်းစည်းလုံးလုံးပျော်ပျော်ရွှင်ရွှင်နဲ့...စုပေါင်းပြီးပရိုဂျူဇာ...ဒါရိုက်တာ..ဇာတ်ညွှန်း...တွဲဖက်သရုပ်ဆောင်များ....စက်အဖွဲ့တွေကအစ..အားလုံးစေတနာနဲ့ကြိုးစားခဲ့ကြပါတယ်...အမှတ်တရတွေပျော်စရာတွေလည်းအများကြီးပါ...အတူတူကြိုးစားခဲ့ကြသူများတစ်ဦးချင်းဆီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင့်...Aung Pyi Entertainment ရဲ့ပဲ့ကိုင်ရှင် ကိုတီးနဲ့မမမေသူတို့ကို လည်းကျေးဇူးပါရှင့်

” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇွန်လ(၂၁) ရက်နေ့က ရေးသားထား တာတွေ့ရပါတယ်။

Photo : စိုးပြည့်သဇင်

ဒီဇာတ်လမ်းတွဲလေး လွှင့်ရင်လည်း အားပေးပါဦးလို့ သူမက ပြောထားပါသေးတယ်။ စိုးပြည့်ဟာ “လူးလူးစိန်” ဇာတ်လမ်းကာရိုက်တာအတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကိုလည်း ပြုလုပ်ခဲ့သူပါ။

‘’ လူးလူးစိန်’’ ရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာ အောင်သြဘာ က ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင် ကျော်ကျော်၊ သူရထူး၊ စိုးပြည့်သဇင် နဲ့ မေဘရဏီသော် တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို မတ်လကတည်းက ရိုက်ကူးပုံဖော်ခဲ့တာပါ။

Photo : စိုးပြည့်သဇင်

အသက်(၂၅)နှစ်ရှိ အနုပညာရှင်မလေး စိုးပြည့်သဇင်က အသက်(၁၈)နှစ်အရွယ်မှာ "မိုးညအိပ်မက်ဖြူ" ရုပ်ရှင်ကားနဲ့ အမျိုးသမီးဇာတ်ပို့ဆု ရရှိခဲ့သူဖြစ်ပါတယ်။ သူမဟာ အသက် ၁၃ နှစ်ကတည်းက အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့သူပါ။ သူမဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်းပရိသတ်အားပေးမှုရရှိထားသူ ဖြစ်ပြီး ချစ်သူရွေးမယ်တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးတွေထွက်ရှိထားပါတယ်။

 

Photo : စိုးပြည့်သဇင်

စိုးပြည့်သဇင်က ကျောင်းပညာရေးကို ဦးစားပေးနေရတာကြောင့် ဂီတအလုပ်တွေနဲ့ ပတ်သက်ပြီး အနည်းငယ် လျော့နည်းခဲ့တာကို တွေ့ရပါတယ်။ အခုချိန်မှာတော့ ကျောင်းစာမေးပွဲလည်း ဖြေဆိုပြီးခဲ့ပြီဖြစ်လို့ အနုပညာအလုပ်တွေပြန်လုပ်နေပြီဖြစ်ပါတယ်။ မကြာခင်မှာလည်း သူ့ရဲ့ သီချင်းအသစ်လေးကို ပရိသတ်တွေ နားဆင်ရဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က