ဇာတ်ကားရိုက်ရင်လည်း ရိုက်သလို၊ အပြင်မှာတွေ့ရင်လည်း တွေ့သလို မုန့်ဖိုးပေးတတ်သူပါ။

ပြေတီဦးကတော့ သူချစ်ရတဲ့ ဇာတ်ပို့သရုပ်ဆောင်တွေကို မုန့်ဖိုးတွေ ပေးခဲ့တယ်လို့ သိရပါတယ်။ သူပေးတဲ့ မုန့်ဖိုးကြောင့်လည်း အားလုံးပျော်ရွှင်ခဲ့ကြတာကို တွေ့ရပါတယ်။ 

Photo: Pyay Ti Oo



ပြေတီဦးကတော့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ဇာတ်ပို့သရုပ်ဆောင် သူငယ်ချင်းရဲ့ မင်္ဂလာပွဲကို တက်ရောက်ရင်း မင်္ဂလာပွဲကိုလာတဲ့ ဇာတ်ပို့သရုပ်ဆောင်တွေနဲ့ ပျော်ပျော်ပါးပါးတွေ့ဆုံခဲ့ကြတယ်လို့ဆိုပါတယ်။ တစ်ယောက်ကို မုန့်ဖိုး တစ်သောင်းစီ ပေးခဲ့တာလည်း တွေ့ရပါတယ်။ 

“ကျွန်တော်ချစ်တဲ့ ဇာတ်ပို့ သရုပ်ဆောင်တေကတော့ ကျွန်တော့်ကိုမြင်တာနဲ့ မုန့်ဖိုးတောင်းရမယ်လို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားကြတယ် ထင်ပါတယ်။ခေါင်းဆောင်ကတော့ ဒါရိုက်တာမိပေါက်ပေါ့လေ။ ကျွန်တော်ကလဲ ကျွန်တော်ချစ်တဲ့သူတေကို ပေးနေရရင်ကိုပျော်တာဆိုတော့လေ။ ကျွန်တော်တို့တွေ နောက်ဆုံးအချိန်ထိ ဒီလူတေနဲ့ အခုလိုပဲ ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် နေသွားချင်ပါတယ် Love u all" ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Pyay Ti Oo

ပြေတီဦးကတော့ အလုပ်ခဏအားတုန်းလေး ကလေးတွေကို ထိန်းနေတယ်လို့ဆိုပါတယ်။ ဇနီးချောလေး အိန္ဒြာကျော်ဇင်က ဘာလီကျွန်းမှာ ရုပ်ရှင်သွားရိုက်နေပါတယ်တဲ့။ ကလေး ထိန်းရတာ သူ့အတွက် မခက်ခဲဘူးလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 

“ မအူဝဲက ဘာလီမှာ ဇာတ်ကားသွားရိုက်တော့ အစ်ကိုက ကလေးထိန်းတာပေါ့။ ပြီးရင် အစ်ကိုလည်း ခရီးထွက်ရဦးမှာ။ ကိုယ်တွေ ခရီးသွားလို့ သားနဲ့သမီး အိမ်မှာကျန်ခဲ့လည်း အဆင်ပြေတယ်။ သူတို့နှစ်ယောက်က ငယ်ငယ်ကတည်းက အဖေနဲ့အမေ ခရီးသွားရင် မသွားပါနဲ့လိုက်ချင်တယ်ဆိုတာမျိုး မရှိဘူး။ အိမ်မှာ အဘွားတွေ၊ သူ့အဒေါ်တွေ၊ မောင်နှမ ဝမ်းကွဲတွေကျန်ခဲ့တာဆိုတော့ သူတို့ကို တည့်အောင်ပေါင်းတာ” လို့ သူကဆိုပါတယ်။ 

Photo: Pyay Ti Oo

ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင်တို့ဟာ အခုဆိုရင်တော့ သုဒ္ဒါ ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း တည်ထောင်ထားပြီဖြစ်ပါတယ်။ ပြေတီဦးကတော့၂၀၁၀ ခုနှစ် မှာ ”အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ ၂၀၁၂ ခုနှစ်မှာ “လက်ပံ”၊ ၂၀၁၃ ခုနှစ်မှာ ”နင်စေရင်”၊ ၂၀၁၄ ခုနှစ်” မှာ နှလုံးသားဖြင့်ပြုလုပ်သည်” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကတော့၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က