သူမရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။

အေးမြတ်သူဟာ ပရဟိတအလှူအတန်းတွေ လုပ်တဲ့အခါ သူတစ်ပါးရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမယ့် အရာမျိုး မလုပ်တာ အကောင်းဆုံးသောအလှူဖြစ်တဲ့အကြောင်း ပြောပြလာပါတယ်။ 

Photo: Aye Myat Thu



သရုပ်ဆောင် အေးမြတ်သူဟာ အလှူအတန်းတွေနဲ့ပတ်သက်လာရင် ငွေအင်အားသာမက လူအင်အားနဲ့ပါ ပါဝင်အားဖြည့်တတ်သူ တစ်ယောက်ပါ။ ဒါပေမယ့် သူမက အလှူလုပ်တဲ့အခါ တစ်ဖက်သားရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေလိုတဲ့ အလှူမျိုး မလုပ်ဘူးလို့ ဆိုပါတယ်။ 

“ ကိုယ်တိုင်သွားလှူတယ်ဆိုတာ ကိုယ့်ရဲ့ သဒ္ဒါတရားနဲ့ ကုသိုလ်ယူကြတယ်။ ကုသိုလ်ဆိုတာ မယူတတ်ရင် အကုသိုလ်ဖြစ်တတ်တယ်။ အလှူ လှူကြတဲ့နေရာမှာ တချို့သူတွေရှိတယ် Selfie ကြီးရိုက်ပြီးတော့ လှူတာမျိုး ဒါဟာ တစ်ဖက်သားကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေနိုင်လောက်တဲ့ အထိ လူတိုင်းရဲ့ အာရုံစူးစိုက်မှုကို ယူတာ လုံးဝ လက်မခံပါဘူး။ ကိုယ်လည်း သွားလှူခဲ့တာတွေရှိတယ် ဒါပေမယ့် ဓာတ်ပုံတွေကိုတော့ Page မှာ မတင်ပါဘူး။ တခြား Websit တွေမှာ တက်လာလို့ ကာယကံရှင်တွေ စိတ်အနှောက်အယှက်ဖြစ်ရင် တောင်းပန် ပါတယ်”ဆိုပြီးတော့ ဧပြီလ ၂၆ ရက်နေ့ ည ၁၀ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဗီဒီယို ဖိုင်နဲ့ တကွ ပြောပြခဲ့တာဖြစ်ပါတယ်။ 

Photo: Amazing Grace

အဲဒီနောက် COVID-19 ကာလမှာ တစ်နေ့လုပ်မှ တစ်နေ့ စားရသူတွေကိုလည်း ကျန်းမာရေး ဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း သေချာ လိုက်နာစေချင်တယ်လို့ အေးမြတ်သူက ဆိုပါတယ်။ 

“ မိသားစု စားဝတ်နေရေးအတွက် နေ့စဉ် ရုန်းကန်လှုပ်ရှားနေရတဲ့ အနှေးယာဉ် အလုပ်သမားကြီးတွေ အနေနဲ့ ကျပန်းလုပ်နေရသူများကို မေတ္တာရပ်ခံချင်ပါတယ်။ Mask တစ်ခုကို ၃၀၀ လောက်ပေးရတယ်ဆိုလည်း မတတ်နိုင်ဘူး တပ်ရမှာပါပဲ။ ဒီ တစ်ခုကို ကိုယ်မတပ်လိုက်လို့ ကိုယ့်ရဲ့ နှာခေါင်း၊ ပါးစပ်ကနေသာ ဒီရောဂါ ဝင်လာပြီဆိုရင် နေ့တိုင်းရှာနေရတဲ့ ပိုက်ဆံလည်း ရှာနိုင်မှာ မဟုတ်တော့ဘူး။ ပြီးတော့ ကိုယ့်မိသားစုကိုပါ ဆင့်ပွား ဆင့်ပွားကူးမှာ ဒါကြောင့် အနူးညွှန့်တောင်းပန်ပါတယ်။ မဖြစ်မနေမို့ အပြင်ထွက်ရတဲ့အခါ စည်းကမ်းတကျ Mask တပ်ပါ” လို့ သူက ပြောပါတယ်။ 

Photo: Dior

အေးမြတ်သူဟာ COVID-19 ကူးစက်ရောဂါ မပြန့်ပွားစေရေး၊ သတင်းအမှန်တွေသာ ဖော်ပြဖို့အရေး ဆောင်ရွက်နေကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ မီဒီယာ သမားတွေကိုလည်း လေးစားမိတယ်လို့ သူက ဆိုပါတယ်။ 

“ အခုချိန်မှာ တကယ်ကို သံသယရှိတယ်လို့ ထင်ရတဲ့ သူတွေ၊ ရောဂါလက္ခဏာ ရှိတယ်ဆိုတဲ့ လူတွေနဲ့ ရင်ဆိုင်နေရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ကိုယ့်ကိုယ်ကိုယ်ထက် စိုးရိမ်တယ်။ ပြီးတော့ မီဒီယာ သမားတွေကိုလည်း စိုးရိမ်တယ်။ သူတို့ကလည်း လက်ရှိဖြစ်ပေါ်နေတဲ့ အရာတွေကို အချိန်နဲ့ တစ်ပြေးညီ ပြည်သူတွေ သိနိုင်ဖို့အတွက် မီဒီယာတွေရဲ့ သတင်းယူနှုန်းကလည်း အရမ်းကို အရေးပါ ပါတယ်။ မလိုအပ်တဲ့ သတင်းအမှားတွေ ဖောင်းပွမှု မဖြစ်စေဖို့အတွက် စစ်မှန်တဲ့ သတင်းအတွက် အလုပ်လုပ်နေကြတဲ့ မီဒီယာ သမားတွေ အားလုံးကို ဦးညွှန့်ပါတယ်” လို့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: Zaw Myo Htet

အေးမြတ်သူ(Aye Myat Thu)ဟာ အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုဆိုရင်တော့ အသက် ၃၃ နှစ်ကျော်ပြီဖြစ်တဲ့ မင်းသမီးချောတစ်ယောက် ဖြစ်ပါတယ်။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ လက်ရှိမှာလည်း သူမက COVID-19 ရောဂါ ကာကွယ်ရေးနဲ့ ပတ်သက်ပြီး တတ်နိုင်သလောက် အကူအညီတွေ၊ အလှူအတန်းတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က