ဗေလုဝရဲ့ ကျန်းမာရေး အခြေအနေကိုလည်း ပြောပြလာပါတယ်။

ဒိန်းဒေါင်ကတော့ ကျန်းမာရေးမကောင်းဖြစ်နေတဲ့ လူရွှင်တော်ဗေလုဝအတွက် လူရွှင်တော်အသင်းသားများကိုယ်စားအလှူငွေ သွားရောက်ပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။ 

Photo: Dain Daung



လူရွှင်တော် ဒိန်းဒေါင်ကတော့ လူရွှင်တော်အသင်းသားများရဲ့ ကိုယ်စား လူရွှင်တော်ကြီး ဗေလုဝ အတွက် CB Bank Foundation ကလှူဒါန်းတဲ့ ကျန်းမာရေး ထောက်ပံ့ငွေနဲ့ လူရွှင်တော်အသင်းက လှူဒါန်းတဲ့ စားနပ်ရိက္ခာများကို သွားရောက်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

"ကျွန်တော့်ရဲ့ကျေးဇူးရှင်အကယ်ဒမီဦးဗေလုဝကိုသွားရောက်ကန်တော့(အမြန်ဆုံးကျမ်းမာပါစေ)" ဆိုပြီးတော့ စက်တင်ဘာလ (၁၀) ရက်နေ့နေ့လယ် (၂) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာရေးသားရင်း သွားရောက်လှူဒါန်းခဲ့တဲ့ အမှတ်တရ ဗီဒီယိုဖိုင်လေးကို တင်ခဲ့ပါတယ်။ 

ဒိန်းဒေါင်ကတော့ လူရွှင်တော် နာယကကြီးတစ်ဦးဖြစ်တဲ့ လူရွှင်တော် ဗေလုဝအတွက် ကျန်းမာရေးထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာများကို လူရွှင်တော်အသင်းကိုယ်စား သွားရောက် လှူဒါန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

Photo: Chat Gyi

ဒိန်းဒေါင်ရဲ့ အလှူအမှတ်တရဗီဒီယို ဖိုင်လေးမှာလည်း ဗေလုဝက သူ့ရဲ့ ကျန်းမာရေး အခြေအနေကို အခုလို ပြောပြထားတာ တွေ့ရပါတယ်။ 

" နေကောင်းတယ်" ဆိုပြီးတော့ သူက ပြောပါတယ်။ လက်ရှိမှာတော့ လူရွှင်တော် ဗေလုဝဟာ ဗဟန်းမြို့နယ် အရှေ့ဗဟိုလမ်းမှာ " ဗေဗေ မုန့်ဟင်းခါး" ဆိုတဲ့ ဆိုင်လေး ဖွင့်ထားတယ်လို့ သိရပါတယ်။ ဗေလုဝ အနေနဲ့ သူ့ရဲ့ ကျန်းမာရေး အခြေအနေအရ အနုပညာအလုပ်တွေ ခဏတာ ရပ်နားထားတာကိုလည်း တွေ့ရပါတယ်။ 

Photo: Chat Gyi

ဒိန်းဒေါင်ကတော့ အခုလက်ရှိမှာ ကိုယ်ပိုင်ဇာတ်သဘင် တည်ထောင်ထားတာပေမယ့် Covid ကာလကြောင့် နယ်လှည့်ဖျော်ဖြေရေးတွေ ရပ်နာထားတယ်လို့ သိရပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ဒိန်းဒေါင်ဟာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာတွေ မှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ သူငယ်ချင်းဖြစ်သူ ခင်လှိုင်နဲ့ TV Program တွေမှာ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က