လွန်ခဲ့တဲ့ (၁၀) နှစ်က အနုပညာအလုပ်လုပ်ခဲ့တဲ့ အတွေ့အကြုံတွေကို ပြောပြလာပါတယ်။

ဇေရဲထက်ဟာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ခံယူချက်ကို အခုလို ပြောပြခဲ့ပါတယ်။ 

Photo: Zay Ye Htet



ဇေရဲထက်ဟာ သရုပ်ဆောင် တစ်ယောက်မဖြစ်ခင်က ဖြတ်သန်းခဲ့တဲ့ ဘဝ အတွေ့အကြုံတွေကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပြောပြခဲ့ဖူးပါတယ်။ ဒီ အတွေ့အကြုံတွေကနေတဆင့် လူငယ်တွေအတွက် တန်ဖိုးရှိတဲ့ ဘဝကို ဖြတ်သန်းစေချင်တယ်လို့ သူကဆိုပါတယ်။ 

"ကျွန်တော် ကျန်တဲ့အလုပ်တွေလည်းအကုန်လုပ်ခဲ့တယ်။ ကြိုးစားရင်တစ်နေ့ စာမခဲယဉ်းဘူး။ အနုပညာအလုပ်က လွန်ခဲ့သော (၁၀) နှစ်လောက်က ကြိုးစားရင် ကြိုးစားသူတစ်နေရာစာ မခဲယဉ်းဘူး။ အခုနောက်ပိုင်း အနုပညာမဟုတ်တဲ့နယ်ပယ်၊ စီးပွားရေးနယ်ပယ်လိုဖြစ်လာတယ်၊ တစ်နေရာစာ ရမယ်။ ဈေးတော့ ထမင်းဟင်းဖိုးပဲရမယ်။ ရိုက်ရမယ်၊ လူသိလာမယ် ၊ အဆင်တော့မပြေဘူး။ ဒါပေမယ့် အပြင်မှာရှာမှရတော့တယ်။ ပြောချင်တာက အနုပညာသာပြောတယ်။ ကြမ်းလိုက်တဲ့ခက်ခဲတဲ့ခရီးလမ်း၊အကောက်အကွေ့တွေရော၊ လုပ်ကြံမှုတွေရော အစုံအစိပဲ။ အပြင်အလုပ်သာမလုပ်ရင်တော့ အသက် ၅၀ကျော်အကုန်ဘေးရောက်ပဲ ဘာမှသုံးမရတော့ဘူး။ သတိထားပါ လူငယ်တွေ (ဆိုလိုတာ နေရာတိုင်းမှာနော် )လူသိချင်တယ်၊ ဖြစ်ချင်တဲ့စိတ်တခုနဲ့ အရာရာကို မလဲပါနဲ့ ၊ လူပါးဝမခံပါနဲ့ အလွှာစားခြင်းမခံပါနဲ့ ၊လူငယ်တိုင်းစည်းလုံးပါ အားလုံး စည်းလုံးရင် တန်ဖိုးရှိလာလိမ့်မယ်"လို့ ဆိုပါတယ်။  

Photo: A Linn Yaung

ဇေရဲထက် က အနုပညာလောကထဲကို စတင်ဝင်ရောက်လာချိန်မှာ အသက် (၂၁) နှစ်သာရှိသေးတယ်လို့ ပြောပါတယ်။ သူဟာ အသက် (၂၅) နှစ်အရွယ်မှာ မအောင်မြင်ရင် ထမင်းဆိုင်ပြန်ဖွင့်မယ်လို့တောင် စိတ်ကူးခဲ့သေးတယ်လို့ ဆိုပါတယ်။ 

"ကျွန်တော်က ဒီအနုပညာလိုင်းဝင်လာတုန်းက (၂၁) ဒါပေမယ့်မဖြစ်မချင်းလုပ်မယ် စိတ်မကူးဘူး limitထားထားတယ် အချိန်ကအရေးကြီးတယ်လေ။ အသက်ကြီးရင် ဘယ်သူကလာကျွေးမလဲ ငယ်တုန်းသာအဆင်ပြေကြတာလေ။ ကျွန်တော့်အတွေးကတော့ (၂၅)ထိလုပ်မယ်။ အဆင်မပြေရင် ထမင်းဆိုင်ပြန်ဖွင့်မယ်။ ဒါပဲ ဝမ်းရေးရှိတယ် လေ။ လောဘ ဒေါသ မောဟတွေ မထားကြပါနဲ့သေရင်ဘာမှပါမသွားဘူး။ သေရင်တောင် နာမည်ကောင်းကျန်အောင်နေကြပါ" ဆိုပြီးတော့ ဧပြီလ ၃၀ ရက်နေ့ မနက် ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Zay Ye Htet

လက်ရှိမှာတော့ ဇေရဲထက်ဟာ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာတဲ့အတွက် သူ့ရဲ့ မွေးရပ်ဇာတိမြေဖြစ်တဲ့ လယ်ဝေးမြို့အတွက် ဂုဏ်ဆောင်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။ သူ့ရဲ့ ဘဝအခြေအနေတွေကို ပြောပြခဲ့တာဟာ ပရိသတ်တွေ သင်ခန်းစာရစေချင်လို့၊ ဗဟုသုတ ရစေချင်တဲ့ ဆန္ဒ ကြောင့်ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ဇေရဲထက်ကို ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ရုပ်ရှင်ချောမောလွန်းတာကြောင့် လူကြီးလူငယ် ပရိသတ်တွေရဲ့ အားပေးမှုများစွာ ရရှိခဲ့တာဖြစ်ပြီး TV ကြော်ငြာတွေလည်း အဆက်မပြတ်ရိုက်ကူးခဲ့ရတာကို တွေ့ရပါတယ်။ အခုချိန်မှာတော့ အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ရပ်တည်နေတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်လို့နေပါပြီ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က